ပညာရေးအတွက် လိုအပ်တဲ့ဘက်မှာ ကူညီပေးနေတာပါ။
Sabal Thwin

ခေတ်သစ်ဖောင်ဒေးရှင်းက ကလေးတွေရဲ့ ကျန်းမာရေးအတွက်သာမက ပညာရေးအတွက်ပါ တစ်ဖက်တစ်လမ်းက ကူညီပေးနေတာတွေ့ရပါတယ်။ 

Photo: Chit Thu Wai

ချစ်သုဝေကတော့ ၂၀၂၀ ခုနှစ်အတွင်း ပညာရေးဆိုင်ရာ ကူညီမှုအတွက် ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းထားတယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အခုဆိုရင် ကျောင်းလေး ဆောက်လို့ပြီးတော့မှာမို့ ဝမ်းသာနေတယ်လို့ဆိုပါတယ်။ 

" ကျောင်း လေး ရုပ်လုံးပေါ်လာပြီ။ ၂၀၂၀ ခုနှစ်မှာ ချမှတ်ထားတဲ့ ပညာရေးပိုင်းဆိုင်ရာကူညီမှုအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် သရက်လှကျေးရွာရဲ့ မူလတန်းကျောင်းလေးရဲ့ တည်ဆောက်မှုလက်ရှိအခြေအနေကို စေတနာရှင်/ ကုသိုလ်ရှင်များ ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။ စေတနာရှင် (၇) ရက်သားသမီးများ ကျန်းမာချမ်းသာ၍ ဘေးဘယာဝေးကွာကြပါစေ" ဆိုပြီးတော့ မေလ ၁၁ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒီကျောင်းလေးကိုတော့ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ လှူဒါန်းမှု အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 

Photo: Pro Studio

ချစ်သုဝေဟာ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တုန်းက ရန်ကုန်တက္ကသိုလ်မှာ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မ ဌာနရဲ့ ပညာရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပညာရေး သံတမန် တစ်ဦးဖြစ်လာတဲ့ သူမဟာ ကလေးတိုင်းကို ပညာရဲရင့် ပွဲလယ်တင့်စေဖို့အတွက် ကြိုးစားဆောင်ရွက်သွားမယ် ဆိုပြီးတော့ ပညာရေး သံတမန် တစ်ဦး အဖြစ် ခန့်အပ်ခြင်းခံရတဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာပဲ ပညာရေးနဲ့ ပတ်သက်ပြီး သူမရဲ့ ခံယူချက်တွေကို ဖေ့စ်ဘွတ်စာမျက်နှာ ထက်မှာ ရေးသားခဲ့ဖူးပါတယ်။ 

Photo: Chit Thu Wai

ချစ်သုဝေဟာ ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းနဲ့ အတူ ခေတ်သစ်ဖောင်ဒေးရှင်း ထူထောင်ပြီး ပရဟိတ လုပ်ငန်းတွေ၊ မွေးရာပါ နှလုံးရောဂါဖြစ်နေတဲ့ ကလေးငယ်လေးတွေကိုလည်း ဆေးကုသပေးလျှက်ရှိပါတယ်။ COVID-19 ကာလမှာလည်း ခေတ်သစ်ဖောင်ဒေးရှင်း အနေနဲ့ စားဝတ်နေရေး အဆင်မပြေတဲ့ မိသားစုတွေအတွက် စားနပ်ရိက္ခာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြတာလည်း တွေ့ရပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က