သူ့နာမည်နဲ့သုံးနေတဲ့အကောင့်တွေများနေလို့တဲ့။

ဖေ့စ်ဘွတ်ပေ့ချ်အတုတွေ ပေါ်လာလို့ ဘုန်းမင်းနေလတစ်ယောက် စိတ်ညစ်လို့နေပါတယ်။ အကောင့်အတုတွေကိုလည်း Report ထုပေးဖို့ ပရိသတ်တွေ ကို တောင်းဆိုထားပါသေးတယ်။

Photo : ဘုန်းမင်းနေလ



မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ ဘုန်းမင်းနေလက သူ့နာမည်နဲ့ ဖေ့စ်ဘွတ်ပေ့ချ်အတုတွေ ပေါ်နေလို့ စိတ်ညစ်နေပါတယ်။ သူ့နာမည်နဲ့ အသုံးပြုနေတဲ့ ပေ့ချ်တွေကိုလည်း Report ထုပေးဖို့ ပရိသတ်တွေကို အကူအညီတောင်းထားတွေ့ရပါတယ်။

ဒီpageလေးကို Report လုပ်ပေးချင်းဖြင့်ကူညီပါအုံး အဲ့ဒီpageကကျွန်တော်သုံးတဲ့ပုံစံဟန်ဆောင်နေပြီးကျွန်တော့်adminတွေတစ်ယောက်မှပါဝင်နေချင်းမရှိပါဘူး။ကျွန်တော်လည်းဒီaccountရယ်WeLove group လေးရယ်ပဲသုံးတာပါ ဘာpageမှဖွင့်မထားပါဘူး Pageဖွင့်လို့ရှိရင် Facebook wall ပေါ်ကနေ official ကြေညာပါ့မယ်ဗျ နောက်ဆိုလည်း ကျွန်တော်မသိပဲကျွန်တော် admin အဖြစ်မပါဝင်ပဲေ ထာင်ထားတဲ့pag eတွေgroupေ တွကိုလည်းreport သွားမှာပါ “ ဆိုပြီး မတ်လ(၂၈) ရက်နေ့က သူ့ရဲ့ ပရိသတ်တွေကို ပြောထားတာတွေ့ရပါတယ်။

Photo : ဘုန်းမင်းနေလ

ဘုန်းမင်းနေလက ၂၀၁၈ခုနှစ်အတွက် ပေးအပ်တဲ့အကယ်ဒမီပေးပွဲမှာ ရွှေကြိုမောင်အဖြစ်ပါဝင်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထား သူဟာ ဒီနေ့မှာလည်း ကြေညာရိုက်ကူးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။ ဘုန်းမင်းနေလအနေနဲ့ သူ့ရဲ့ ဝါသနာတွေကို အစစအရာရာ ပံ့ပိုးပေးနိုင်တဲ့ မိခင်ကိုပိုင်ဆိုင်ခွင့်ရတာ ကံကောင်းတယ်လို့ ဆိုပါတယ်။

‘’ဒီလိုအမေရတာ ကျွန်တော် အရမ်းကံကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေက ကိုယ့်အိပ်မက်ကို ယုံကြည်ပြီးတော့ Support ပေးတဲ့ မိဘတွေက ရှားတာကိုး။ အထူးသဖြင့် ကျွန်တော်တု့ိရဲ့ အာရှနိုင်ငံက မိဘတွေမှာ အဲဒါတစ်ခုတော့ လိုတယ်လေ’’ လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရွှေကြို မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo : ဘုန်းမင်းနေလ

ဘုန်းမင်းနေလ( Phone Min Nay La)ကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးနေရုံသာမက တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာေ ရးကိုဘဲ အဓိက ဦးစားပေးနေတယ်လို့ သိရပါတယ်။ မိခင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကလည်း သားကို အိမ်ထောင်တစ်ခုကို ဦးဆောင်ရမယ့် ယောကျ်ားတစ်ယောက် ဖြစ်တာကြောင့် ပညာတတ် တစ်ယောက်ဖြစ်ဖို့ အဓိက ကျတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ် ။ 


ဆက်စပ်အကြောင်းအရာများ



က္က