အရမ်းကို ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။
Sabal Thwin

ပိုပိုက ပါချုပ်ဆရာတော်ကြီးနဲ့ ဖားအောက်ဆရာတော်ကြီး နှစ်ပါးကို ကိုယ်တိုင်ဖူးမျှော်ခွင့်ရခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

Photo: Po Po

ပိုပိုဟာ သီလရှင်ဝတ်နေတဲ့အချိန်မှာ နာမည်ကျော် ဆရာတော်ဘုရားကြီးတွေဖြစ်တဲ့ ပါချုပ်ဆရာတော်ကြီးနဲ့ ဖားအောက်ဆရာတော်ကြီးတို့ကို ဖူးမျှော်ခွင့်ရခဲ့ပါတယ်တဲ့။ ဒါကြောင့်လည်း သူမကိုယ်တိုင် ပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။

‘’သီလရှင် ဘဝမှာ တစ်ရက်တည်းနဲ့ ဖားအောက်ဆရာတော် ဘုရားကြီးကိုရော ပါချူပ် ဆရာတော် ဘုရားကြီးကိုပါ 

ဖူးတွေ့ခွင့်ရခဲ့တာ ဝမ်းသာပီတိဖြစ်’’ ဆိုပြီးတော့ မေလ ၃၁ ရက်နေ့ မနက် ၈ နာရီ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ အဲဒီနောက် ဆရာတော်ဘုရားကြီးတို့ကို ဖူးမျှော်ခွင့်ရခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Po Po

ပိုပိုဟာ မေလ ၂၁ ရက်နေ့ကနေ မေလ ၂၉ ရက်နေ့ အထိ စစ်ကိုင်းချောင်မှာ ၉ ရက်အကြာ သီလရှင် ဝတ်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ရရှိလာတဲ့ အနုပညာကြေးထဲကနေ သီလရှင်မဝတ်နိုင်တဲ့ မိန်းကလေး ပရိသတ်တွေကိုလည်း ကိုယ်တိုင် သီလရှင် ဝတ်ပေးခဲ့တာကို တွေ့ရပါတယ်။

Photo: Po Po

ပိုပိုက မကြာသေးခင်ကပဲ အသက် ၂၉ နှစ်ပြည့်သွားတာဖြစ်ပါတယ်။သူမကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ ပိုပိုရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။


က္က