နာမည်နဲ့တင် မိုက်နေပြီနော်။

နီနီခင်ဇော်ရဲ့ စတုတ္ထမြောက် အခွေကိုတော့ မကြာခင် ပရိသတ်တွေလက်ထဲ ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီအခွေအတွက် သူမလည်း အရမ်းကို ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

 

Photo : နီနီခင်ဇော်



မကြာခင် ထွက်ရှိတော့မယ့် နီနီခင်ဇော်ရဲ့ အခွေသစ်နာမည်ကတော့လုံးဝကို အမိုက်စားပါပဲ။ ပရိသတ်တွေကို ပြောထားသလိုပဲ ဒီအခွေနာမည်မှာ သူမနာမည်ပါ ပါမယ်ဆိုတဲ့ အတိုင်း “ပါတီခင်ဇော်” ဆိုပြီး ပေးထားတာပါ။အခွေနာမည်နဲ့တင် ပရိသတ်တွေက စိတ်ဝင်စားလို့ နေပါပြီ။ “ပါတီခင်ဇော်” ဆိုတဲ့ သူမရဲ့ လေးခွေမြောက် တစ်ကိုယ်တော်အခွေကို စက်တင်ဘာ(၂၇) ရက်နေ့မျာ ထွက်ရှိမှာပါ။ ဒီအခွေက သူမအတွက် နောက်ထပ်ဘဝမှတ်လေး တစ်ခုပါပဲလို့ ဆိုပါတယ်။

“တစ်ကိုယ်တော် အခွေ အတွက် လက်စသတ်ပြီးလို့ နဲနဲ အသက်ရှူချောင်သွားပြီ (နဲနဲပဲ) Music အချိုးအကွေ့တွေနဲ့ နောက်ထပ် မှတ်တိုင်လေးတစ်ခုပါ” သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ပြောထားဖူးပါတယ်။

Photo : နီနီခင်ဇော်

အခွေထွက်တဲ့နေ့မှာပဲ ရန်ကုန်မြို့ လှည်းတန်းစင်တာ အပြင်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပြီး ၊ စက်တင်ဘာ(၂၈) ရက်နေ့မှာ မင်္ဂလာမန္တလေး ပရိုမိုးရှင်းဧရိယာမှာ ပရိသတ်များနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

နီနီခင်ဇော်ဟာ သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အ ဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီးခဲ့သလို အောင်မြင်မှုတွေလည်း ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။

Photo : နီနီခင်ဇော်

ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။ အဲဒီနောက် လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် သူမရဲ့ Single Song တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းတွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေလည်း အများ ကြီးပိုင်ဆိုင်ခဲ့ပါတယ်။ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှု အနေနဲ့ ‘’The Voice Myanmar’’ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင် တစ်ဦးအဖြစ်ပါဝင်နေသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က