သူမရဲ့ သားလေးကိုလည်း သေသေချာချာ ဆုံးမထားပါတယ်တဲ့။

မယ်လိုဒီက လက်ရှိဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး မိခင်တစ်ယောက်ပီပီ စိုးရိမ်နေတာကို တွေ့ရပါတယ်။ သူ့ရဲ့ သားလေးကိုလည်း လူတစ်ဖက်သားကို မထိရ မကိုင်ရဘူးလို့လည်း ဆုံးမထားတယ်လို့ ဆိုပါတယ်။

Photo: Melody



သရုပ်ဆောင်မယ်လိုဒီက နေပြည်တော်မှာရှိတဲ့ Wisdom Hill ကျောင်းမှာ သက်ငယ်မုဒိမ်းကျူးလွန်ခံခဲ့ရတဲ့ သမီးလေး ဗစ်တိုးရီးယားအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒါကြောင့် သားဖြစ်သူကိုလည်း သေချာ သွန်သင်ဆုံးမထားတယ်လို့ ပြောပါတယ်။

‘’ကိုယ့်ကလေး ၄ နှစ်ကျော် သားလေးပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းရဲ့ဘယ်နေရာတွေက မထိရမကိုင်ရ မနမ်းရ သားလေးကိုကိုင်ရင် ဆရာမတွေကိုပြော မေမေတို့ကိုပြောလို့ သင်ပေးထားပါတယ်။ အဲ့လိုဘဲ သားလေးကလည်း သူတစ်ပါးကိုမကိုင်ရဘူးနော်လို့ သေချာ ဆုံးမထားပါတယ်။ ကိုယ့်မိသားစုကို ကာကွယ်ပါ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပါ’’ ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Melody

မယ်လိုဒီက လူတစ်ယောက်ဖြစ်လာရင် ကိုယ်ချင်းစာတရား ထားတတ်ဖို့ပြောလာပါတယ်။ တတ်သည့်ပညာနဲ့ မယုတ်မာစေချင်ဘူးလို့လည်း သူက ဆိုပါတယ်။

‘’ကမ္ဘာကြီးပေါ်မှာ ကိုယ့်မိသားစုတစ်ခုဘဲကွက်ပြီးသာယာနေလို့မရဘူးလေ။ ကိုယ်ချင်းစာတရားထားကြပါ၊ ပညာတတ်ပေမယ့် အမှန်တရားဘက်မှာမရပ်တည်ရင်လူယုတ်မာပါဘဲ အမှားအမှန်ဝေဖန်ပိုင်းခြားပြီး အမှန်တရားဘက်မှာရပ်တည်တဲ့ သူတော်ကောင်း ဖြစ်ဖို့အရေးကြီးပါတယ်။ အေးချမ်းသာယာတဲ့နိုင်ငံတော်ကြီးဖြစ်ဖို့ အပြစ်ကျူးလွန်သူ တွေကိုအပြစ်ပေးမှာ တရားမျှတာအေးချမ်းသာယာမှာပါ #JusticeforVictoria’’ လို့ ဆိုပါတယ်။

Photo: Melody

မယ်လိုဒီက အခုဆိုရင် အသက် ၃၆ နှစ်ကျော်လို့ ၃၇ နှစ်အတွင်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ မိသားစုကို အချိန်ပေးနေရတာ ဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို သိပ်လုပ်ဖြစ်တာ မတွေ့ရတော့ပါဘူး။ ဇာတ်ကားရိုက်ကူးရေးတွေ နားထားပေမယ့် ပွဲလမ်းသဘင်တွေကိုတော့ အဆက်မပြတ် တက်ရောက်နေရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ကို ချစ်တဲ့ ပရိသတ်တွေရဲ့ အချစ်ကတော့ လျှော့သွားတာမျိုး မရှိပါဘူး ။

Photo: Melody

ကိုသာကောင်းနဲ့ သရုပ်ဆောင် မယ်လိုဒီတို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး သဒ္ဓိစစ်က အခုဆိုရင် ၄ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးကိုတော့ ငယ်ငယ်လေးကတည်းက ပရိသတ်တွေက အချစ်ပိုခဲ့ကြတာပါ။ သိဒ္ဓိစစ်ဟာ ငယ်ငယ်လေးကတည်းက ကလေးအသုံးအဆောင်ပစ္စည်းတွေရဲ့ ကြော်ငြာ မင်းသားပေါက်စလေး ဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က