နေတိုး၊ကျော်ကျော်ဗိုနဲ့ အေးမြတ်သူတို့ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တာပါ။

"ပြုံးရွှင်ရေပျော်ရဲ့လား" ရုပ်ရှင်အဖွဲ့သားတွေက ဧပြီ(၁၈) ရက်နေ့က နှစ်ဦးအလှူတစ်ခု ပြုလုပ်ခဲ့တယ်တဲ့။ နေတိုး၊ ကျော်ကျော်ဗိုနဲ့ အေးမြတ်သူတို့ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တာပါ။

Photo : နေတိုး



နေတိုး၊ ကျော်ကျော်ဗို၊ အေးမြတ်သူနဲ့ ရွှေမှုံရတီတို့ အဓိက ပါဝင်ထားတဲ့ “ ပြုံးရွှင်ရေပျော်ရဲ့လား” ရုပ်ရှင်အဖွဲ့သားတွေက ဧပြီ(၁၈) ရက်နေ့က နှစ်ဦးအလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီအလှူကို နေတိုး၊ ကျော်ကျော်ဗို၊ အေးမြတ်သူနဲ့ ဒါရိုက်တာကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

“ပြုံးရွှင်ရေပျော်ရဲ့လာ ရုပ်ရှင်မိသားစုအလှူစတုဘုမ္မိက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တိုင်းရင်းသား ကလေးငယ် (၂၇၀) အတွ

ပြုံးရွှင်ရေ ပျော်ရဲ့လား ရုပ်ရှင်မိသားစု ၏ ဆန် ၊ ဆီ နှင့် နှစ်သစ်ဦး အလှူတော်ငွေ ကျပ်သိန်း - (၅၀)လှူဒါန်းမှူ အစုစုကို ပရိတ်သတ်ကြီးအား အမျှပေးဝေပါသည်။ ထပ်တူထပ်မျှရကြပါစေ.” ဆိုပြီး “ပြုံးရွှင်ရေပျော်ရဲ့လား” ဖေ့စ်ဘွတ်ပေ့ချ် မှာ ဧပြီ(၁၈) ရက်နေ့ညပိုင်းက ရေးသားထားပါတယ်။

Photo : နေတိုး

ဇာတ်ကားထဲမှာ ပါဝင်တဲ့ နေတိုးကိုယ်တိုင်ကလည်း သူတို့ ပြုလုပ်ခဲ့ဲတဲ့ နှစ်ဦးအလှူဒါနကို ပရိသတ်တွေလည်း ရကြစေဖို့ ဆုတောင်းထားပါသေးတယ်။

“ပြုံးရွှင်ရေပျော်ရဲ့လား ရုပ်ရှင်အဖွဲ့သားများမှနှစ်ဦးအလှူဖြစ်ပါတယ်ခင်ဗျာ ပရိသတ်များအားလုံးအမျှရကြပါစေ....နေတိုး” ဆိုပြီး ဧပြီ(၁၈) ရက်နေ့က နေတိုးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : နေတိုး

ပြုံးရွှင်ရေပျော်ရဲ့လား ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းထွန်းထွန်းက ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ နေတိုး၊ကျော်ကျော်ဗို၊ တင်မောင်ဆန်းမင်းဝင်း၊ အေးမြတ်သူ၊ ရွှေမှုံရတီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပြီး အဲဒီဇာတ်ကားကို ဧပြီ(၂၅) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က