ပရိသတ်တွေက သာဓုခေါ်ဆိုခဲ့ကြပါတယ်။
Sabal Thwin

မြင့်မြတ်က ‘’ဇာတ်လိုက်’’ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးလုပ်နေတဲ့ ပဲခူးရိုးမတောက ဘုန်းကြီးကျောင်းမှာ ငွေကျပ် သိန်း ၃၀ အလှူပြုခဲ့တာကို တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ကျောင်းဆရာ ကာရိုက်တာနဲ့ မြင်တွေ့ရမှာပါ။

Photo: M Soe Gyi

မြင့်မြတ်က အခုလက်ရှိ ပဲခူးရိုးမတောမှာ ‘’ဇာတ်လိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာ ဖြစ်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မြင့်မြတ်က အခုလည်း ဇာတ်ကားရိုက်နေတဲ့ နေရာမှာ အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။

‘’ ရိုးရှင်းသော သိန်း၃၀ အလှူလေးပါ’’ ဆိုပြီးတော့ လူကြမ်းသရုပ်ဆောင် စိုးကြီးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၂၉ ရက်နေ့ မနက် ၁၂ နာရီ ၂၆ မိနစ်က ရေးတင်ထားတာဖြစ်ပါတယ်။ အဲဒီနောက် မြင့်မြတ်ရဲ့ အလှူ အမှတ်တရ ဓာတ်ပုံလေးကိုလည်း တင်ခဲ့ပါသေးတယ်။ မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေကလည်း သာဓု ၃ ကြိမ် ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Photo: M Soe Gyi

ဒီဇာတ်ကားထဲမှာတော့ သူ့ကို ကျောင်းဆရာ ကိုတင်မောင်ဝင်း အဖြစ် မြင်တွေ့ရမှာပါ။ ကျောင်းဆရာ ကာရိုက်တာကလည်း မြင့်မြတ်အတွက် ပထမဆုံးအကြိမ် ရိုက်ကူးရတဲ့ ဇာတ်ရုပ်ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒြာကျော်ဇင်ကိုတော့ ယောကျ်ားလျာ ကိုတိုးဆိုတဲ့ ကျောင်းဆရာ ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။




ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံကတော့ သဘာဝဆန်ဆန်ဒရာမာ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ ရိုးမပေါ်ကျတဲ့ မျက်ရည်ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးနေတာပါ။ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ရွာမှာ ရိုက်ကူးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ‘’ဇာတ်လိုက်’’ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ အကယ်ဒမီမြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ခိုင်သင်းကြည် နဲ့ မေမြင့်မိုရ် တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: Myat Wai Tun

မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်က အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’အမှောင်မှာရွာချတဲ့ မိုးတိမ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က