သူမရဲ့Facebook Pageမှာ Live လွှင့်ရင်း ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မိုးဟေကိုဟာ သူမအတွက် အမှတ်တရအနေနဲ့ ထုတ်ခဲ့တဲ့ "ကျွန်မ ချစ်သော" စာအုပ်လေးကို ချစ်ရတဲ့ Top Fan အယောက်(၅၂၀) ဦးထဲက (၁၂) ဦးအတွက် ကံစမ်းမဲဖောက်ပေးခဲ့တာ တွေ့ရပါတယ်။ 

Photo: Moe Hay Ko



သရုပ်ဆောင် မိုးဟေကို ကတော့ ဘဝရဲ့ အမှတ်တရ တစ်ခုအနေနဲ့ ထုတ်ခဲ့တဲ့ “ ကျွန်မ ချစ်သော” Limited စာအုပ်လေးကို Top Fan (၁၀) ယောက်အတွက် Live လွှင့်ရင်း မဲဖောက်ပေးခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး Live ဖြစ်တာကြောင့်လည်း ရင်တွေ အရမ်းခုန်တယ်လို့ဆိုပါတယ်။

“ Live ကလေ မလွှင့်ဖူးဘူး ဒါ ပထမဆုံးပါပဲ။ မိုးရဲ့ Top Fan လေးတွေ အပြင် Fan တွေ အားလုံးကိုရော၊ ပရိသတ်တွေကိုရော လေးစားတယ်၊ ချစ်တယ်။ အခုတော့ မိုးရဲ့ Top Fan အယောက်ပေါင်း(၅၆၀) ရှိတဲ့ အထဲမှာမှ (၁၀) ယောက်ကို မဲနှိုက်ပြီးတော့ မိုးရဲ့ စာအုပ်လေးကို လက်ဆောင်ပေးသွားမယ်။ နောက်ထပ် နှစ်ယောက် ထပ်တိုးပေးထားပါတယ်။ လက်ဆောင်မရတဲ့ သူတွေလည်း စိတ်ဓာတ်မကျပါနဲ့ နောက်ထပ် အစီအစဉ်လေးတွေ ထပ်ရှိပါသေးတယ်။ ပထမဆုံး Live လွှင့်တာဆိုတော့ ရင်တွေလည်း ခုန်တယ်၊ လက်တွေတောင် တုန်တယ်” ဆိုပြီးတော့ ဇွန်လ ၉ ရက်နေ့ ည ၈ နာရီမှာ Live လွှင့်ရင်း ပြောပြလာပါတယ်။ 

Photo: Moe Hay Ko

မိုးဟေကိုဟာ "ကျွန်မ ချစ်သော" စာအုပ်လေးကို Top Fan (၁၀) ဦးအတွက် အရင်ဆုံး ရွေးချယ်ခဲ့တာဖြစ်ပြီး Live လွှင့်နေတဲ့အချိန်မှာပဲ မိုးဟေကိုဟာ စာအုပ် (၂) အုပ်ထပ်တိုးပေးချင်တဲ့ ဆန္ဒကြောင့် Top Fan တွေထဲက နောက်ထပ် (၂) ဦးကို ထပ်မံ ရွေးချယ်ခဲ့တာ တွေ့ရပါတယ်။ သူမရဲ့ Top Fan ( ၁၂) ဦးကတော့ မိုးဟေကို ပေးတဲ့ " ကျွန်မ ချစ်သော" စာအုပ်လေးကို ပိုင်ဆိုင်ခွင့်ရခဲ့တာကြောင့် ဝမ်းသာတဲ့ အကြောင်းနဲ့ မိုးဟေကို ကိုကျေးဇူးတင်တဲ့အကြောင်းတွေကို Comment ကနေ ပြောပြခဲ့တာ တွေ့ရပါတယ်။ 

Photo: Moe Hay Ko

မိုးဟေကိုဟာ COVID-19 ကာလဖြစ်တာကြောင့် ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်ကြဖို့ကိုလည်း Live ကနေ တဆင့် ပြောခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ကျန်းမာရေး ဂရုတစိုက်နေတယ်လို့ ဆိုပါတယ်။ 

“ အားလုံး ကျန်းမာရေးလည်း ဂရုစိုက်ကြပါလို့ မှာချင်ပါတယ်။ အပြင်တွေ သွားရင်လည်း Mask တွေ တပ်ဖို့ မမေ့နဲ့ဦးနော်။ အဲဒါက အရေးကြီးတယ်။ လက်ဆေးဖို့ကိုလည်း မမေ့ပါနဲ့ လုံးဝ မပေါ့ဆစေချင်ဘူး။ မိုးလည်း ဒါကို တော်တော် သတိထားတယ်။ တစ်ယောက်နဲ့ တစ်ယောက် ၃ ပေအခွာနေတယ်။ စကားပြောရင် Mask တပ်ပြီးတော့ ပြောတယ်။ အကျင့်တော့ မဖြစ်သေးပေမယ့် ကိုယ့်အတွက် အကျင့်တစ်ခု ဖြစ်လာအောင် အမြဲ သတိထားပြီး အကျင့်လေး လုပ်ပေးနေရတယ်။ မိုးရဲ့ ပရိသတ်တွေကိုရော၊ မိုးရဲ့ သူငယ်ချင်း အရင်းတွေကိုလည်း အရမ်းတွေ့ချင်တယ်။” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Moe Hay Ko

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က