''ချစ်တယ်'' လို့ အမည်ရပါတယ်။
Sabal Thwin

ရွှေမှုံရတီရဲ့ ‘’ချစ်တယ်’’ဆိုတဲ့ သီချင်းအသစ်လေးကတော့ မိတ်ဆက်ပေးလိုက်တဲ့ ၂၅ နာရီအတွင်းမှာ အားပေးသူ ပရိသတ်ပေါင်း ၄ သိန်းကျော်ရှိခဲ့တာတွေ့ရပါတယ်။ ဒီသီချင်းလေးကတော့ သူမအတွက် ပထမဆုံး တစ်ကိုယ်တော်သီချင်းလေးဖြစ်ပါတယ်။

Photo: Shwe Mhone Yati

ရွှေမှုံရတီရဲ့ ပထမဆုံး Single Song လေးကတော့ ‘’ချစ်တယ်’’လို့ အမည်ပေးထားပါတယ်။ ဒီသီချင်းလေးကိုတော့ ခင်ပွန်းဖြစ်သူ ရွှေထူးက ရေးစပ်ပေးထားတာဖြစ်ပါတယ်။ သီချင်းလေးရဲ့ MTV ကိုတော့ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင် ပန်းရောင်လေးတွေ၊Candy ဆန်ဆန် အရောင်လေးတွေ သုံးပြီး ရိုက်ကူးထားတာတွေ့ရပါတယ်။ ဒီ MTV ထဲမှာတော့ ရွှေထူးက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

‘’ချစ်တယ်’’ သီချင်းMTV လေးကိုတော့ သြဂုတ်လ ၄ရက်နေ့ ညနေ ၅ နာရီကျော်က ရွှေမှုံရတီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အားပေးကြည့်ရှုသူပရိသတ်ပေါင်း ၄ သိန်း ၈ သောင်း ၆ ထောင်ကျော် ရှိခဲ့ပါတယ်။ ပြန်လည် Sharing လုပ်တဲ့သူပေါင်း ၂ သောင်းကျော် ရှိခဲ့တာ တွေ့ရပါတယ်။

Photo: Shwe Mhone Yati

ရွှေမှုံရတီဟာ ဂီတနဲ့ပတ်သက်ပြီး ခင်ပွန်းဖြစ်တဲ့ ရွှေထူးနဲ့အတူ ‘’အမှား’’ဆိုတဲ့ MTV လေး ထွက်ရှိခဲ့ပါသေးတယ်။ ဒီသီချင်းဟာ သူမအတွက်တော့ ပထမဆုံးအကြိမ် အနုပညာရှင်တစ်ယောက်လို သီချင်းစဆိုဖူးတဲ့ အတွေ့အကြုံဖြစ်တယ်လို့လည်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ‘’အမှား’’ သီချင်းကလည်း လူငယ်တွေကြားမှာ ရေပန်းအစားဆုံး သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့တာကို တွေ့ရပါတယ်။

Photo: Shwe Mhone Yati

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုံရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရွှေမှုံရတီဟာ ရုပ်ရှင်ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ ဆက်လက် ရိုက်ကူးနေရတာဖြစ်သလို ရွှေထူးကလည်း ဂီတအလုပ်တွေနဲ့ပတ်သက်ပြီး သီချင်းအသစ်တွေ ဖန်တီးနေတာကို တွေ့ရပါတယ်။ မကြာခင်မှာလည်း ‘’စစ်ကား’’ဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်ကူးတော့မှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က