သြဂုတ်လ ၁ရက်နေ့ဆိုရင် ရုံတင်ပါပြီ။

ထူးပိုင်ဇော်ဦးက သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင်မယ့် ‘’သူစိမ်းအိမ်’’ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်လို့နေပါတယ်။ အခုလက်ရှိမှာလည်း Trailer က အရမ်းကို အောင်မြင်နေတာ တွေ့ရပါတယ်။

Photo: Htoo Paing Zaw Oo

ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ‘’သူစိမ်းအိမ်’’ ရုပ်ရှင်ဇာတ်ကား Trailer ကို အားပေးကြမ်းတဲ့ ပရိသတ်တွေကြောင့် အရမ်းကိုပျော်ရွှင်နေတာ တွေ့ရပါတယ်။ ဒီ Trailer ကို ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စတင်မိတ်ဆက်ပေးလိုက်တာဖြစ်ပြီး အခုဆိုရင်တော့ အားပေးကြည့်ရှုသူ ပရိသတ်ပေါင်း ၃သိန်း ၉ သောင်း ၂ ထောင်ရှိပြီဖြစ်ပါတယ်။

‘’ရုပ်ရှင်တောင် မဟုတ်သေးဘူး။ Trailer ကို အားပေးနေကြတာနဲ့တင် ကိုယ့်မျက်နှာကြီး အရမ်းဖြီးနေပါပြီ ၊ Comment တွေ ဖတ်ပြီး အပြုံးမရပ်တော့ဘူး။ ဒီ Trailer ကို ဆက်ရတာ တော်တော် အတွေ့အကြုံရပါတယ်။ ကိုယ့် ရုပ်ရှင်ကိုယ် ပြန် spoil တာလဲ မဖြစ်အောင် ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေလဲ ပါအောင် အခေါက် ၁၀၀ ကျော် ပြင်လိုက် ဆက်လိုက် လုပ်ပြီး ဒီ Trailer လေး ရလိုက်လို့ အရမ်းကျေနပ်သွားပါတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၈ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Htoo Paing Zaw Oo

သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီး အောင်အောင်မြင်မြင် ပြီးဖို့အတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသူတွေကိုလည်း ထူးပိုင်ဇော်ဦးက ကျေးဇူးတင်စကားပြောထားပါသေးတယ်။

‘’အတူတူ ခေါင်းစားပေးတဲ့ producer ကြီးတွေ Yan Naing Win , Aung Kyaw Win ,Jennifer Su တို့ကိုလဲ ကျေးဇူးပါ။ လိုချင်တဲ့ music style ရအောင် အလန်းစားကြီး စိတ်တိုင်းကျတီးပေးတဲ့ ဟန်ကြီး Hun Min Tun နဲ့ sound design အမိုက်စား လုပ်ပေးတဲ့ ကိုEaid Dhi တို့ကို လဲ ကျေးဇူး အထူးအထူးပါ။ Animation ဆရာကြီး ကိုရဲ Ye Wint Lu ကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ Ko Mg Mg Tha Myint ရိုက်ချက် တွေ နဲ့ Kham Mon စကားလုံးတွေကလဲ Trailer ကို အများကြီး support ပေးပါတယ်။ သြဂုတ်လ ၁ ရက်နေ့ ရုံတင်တဲ့ အခါလဲ အားပေးပါဦး ခင်ဗျာ’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Htoo Paing Zaw Oo

သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ Good Old Day Film က ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးထားတာပါ။ အဓိက ဇာတ်ဆောင်တွေ အနေနဲ့ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေး၊ လင်းဇာနည်ဇော် တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကားဟာ ထူးပိုင်ဇော်ဦးအတွက်တော့ ဒုတိယမြောက် ကြိုးစားအားထုတ်ခွင့်ရထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။

Share

Loading Next Article...
က္က