''နှစ်ပတ်အလို'' ဆိုတဲ့ ရုပ်ရှင်ကားကြီးအကြောင်း မိတ်ဆက်ပေးခဲ့ပါတယ်။

‘’နှစ်ပတ်အလို’’ ရုပ်ရှင်ဇာတ်ကားထဲက ‘’သီဟလတ်’’ ဆိုတဲ့ ဇာတ်ကောင်အတွက် ကျော်ကျော်ဗိုက ရင်ခုန်နေရပြီလို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၅ ခုနှစ်အတွင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Photo: Film House



ကျော်ကျော်ဗိုက ၂၀၁၉ ခုနှစ်ထဲမှာ သူကိုယ်တိုင် ရင်ခုန်ရမယ့် ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာအကြောင်း ပြောပြလာပါတယ်။ ဒီဇာတ်ကားကို ပရိသတ်တွေ မကြာခင် ကြည့်ရတော့မယ်လို့လည်း သူကဆိုပါတယ်။

‘’2019 အတွက်ကျွန်တော်ကိုယ်တိုင်ရင်ခုန်ရတဲ့ ဇာတ်ကောင်တွေထဲကတစ်ယောက်။ မကြာမှီပရိတ်သတ်များ ရှေ့တော်ပါးသို့ရောက်လာပါတော့မည်။ မိဘများ၏ အထည်ချုပ်လုုပ်ငန်းကိုု ဦးစီးနေသူ၊ ပညာတတ်ပီပီ၊ အလုပ်တစ်ခုုကိုု တွေးတောဆင်ခြင်ပြီး လုုပ်ကိုုင်တတ်သူ ၊ ဘယ်လိုုပြဿနာမျိုးကိုုမဆိုု အကောင်းဆုံးတာဝန်ယူ ဖြေရှင်းနိုုင်ပြီး၊ ခေါင်းဆောင်ကောင်းစိတ်ဓာတ်ရှိသူ သူ့နာမည်က သီဟလတ်’’ ဆိုပြီးတော့ ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်။


Photo: Film House

‘’နှစ်ပတ်အလို’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က သူကိုယ်တိုင် ရေးသားထားတဲ့ ဝတ္ထုကို ပုံဖော်ရိုက်ကူးထားတာပါ။ ‘’နှစ်ပတ်အလို’’ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ စတင်ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားကို ရန်ကုန်နဲ့ သြစတေးလျနိုင်ငံတို့မှာ သွားရောက်ရိုက်ကူးခဲ့တယ်လို့လည်း သိရပါတယ်။

Photo: Film House

ဒီဇာတ်ကားထဲမှာ ကျော်ကျော်ဗိုရဲ့ ကာရိုက်တာနာမည်က သီဟလတ်၊ မင်းဦးရဲ့ ကာရိုက်တာနာမည်က သြရသ ၊ အေးမြတ်သူရဲ့ ကာရိုက်တာ နာမည်က ရတီချမ်း ၊ ဝတ်မှုံရွှေရည်ရဲ့ ကာရိုက်တာနာမည်က အလှဆုံးတို့ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပြေတီဦး၊ ရဲအောင်၊ မျိုးသန္တာထွန်းနဲ့ ချိုပြုံးတို့ကလည်း အဓိက ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။



Photo: Kyaw Kyaw Bo

ကျာ်ကျော်ဗိုဟာ နိုင်ငံကျော်ရွှေမန်းဦးတင်မောင်၊ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်း တို့ရဲ့ အနုပညာမျိုးစက်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ သူဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’ မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က