လူနည်းနည်းလေးနဲ့ ပါတီလုပ်သွားမယ်လို့ သိရပါတယ်။

Birthday Show ကျင်းပဖို့ ဆိုင်းငံ့ထားလိုက်ပြီ ဆိုပြီးတော့ စိုင်းစိုင်းခမ်းလှိုင်က အခုလို ပြောပြလာပါတယ်။ 

Photo: Sai Sai



စိုင်းစိုင်းခမ်းလှိုင်ကတော့ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေနဲ့ ဖျော်ဖြေပွဲလုပ်မယ့် အစီအစဉ်ကို မလုပ်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။ Birthday Party လုပ်ဖို့တော့ စဉ်းစားနေတုန်းပဲလို့ သူက ပြောပါတယ်။ 

"ပရိသတ် သုံးလေးသောင်းနဲ့ Birthday Show လုပ်မယ့်အစီအစဉ်တော့ ဆိုင်းငံ့ထားလိုက်ပါပြီ။ ပရိသတ် အနည်းအကျဉ်းနဲ့ Birthday Party လေးပဲ လုပ်မယ်လို့ စဉ်းစားနေပါတယ် ။ ပိတောက်ကတဲ့ဂီတ ရုပ်ရှင်လက်မှတ်ပေါ်မှာ နာမည်နဲ့ ဖုန်းနံပါတ်ရေးပြီး ကံစမ်းမဲပုံးထဲ ထည့်ဖြစ်အောင်ထည့်ပေးပါ ကျွန်တော် ပွဲအတွက် မဲနှိုက်ဖို့လိုလို့ပါ။ မိတ္တူကို - စိုင်းစိုင်းပရိသတ်များ၊ ပိတောက်ကတဲ့ဂီတ ပရိသတ်များသို့ ဆက်လက်မျှဝေပါရန် Sai Sai Kham Leng, #SaiSaiBday2020 #ပိတောက်အသင်း" ဆိုပြီးတော့ မတ်လ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ Birthday Show ကို ၂၀၀၇ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြဖြစ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးလျှက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်အထိ ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့တဲ့ ပွဲဖြစ်တာကြောင့်လည်း ၂၀၂၀ ခုနှစ်မှာ ဆက်လက်ကျင်းပဖို့ ပရိသတ်တွေက စောင့်မျှော်နေခဲ့ကြတာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကြီးလည်း ရက်ရွှေ့ခဲ့ရသလို ပရိသတ်များစွာနဲ့ ကျင်းပပြုလုပ်မယ့် အခမ်းအနားတော်တော်များများကလည်း ရက်တွေ ရွှေ့ဆိုင်းခဲ့တာ တွေ့ရပါတယ်။ 

Photo: Thein Than Oo

စိုင်းစိုင်းခမ်းလှိုင်ဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က