We Love လေးတွေက ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်။

ရွှေပိုးအိမ်ဟာ အောင်မြင်တဲ့ မင်းသမီးတစ်ယောက် မဟုတ်တာကြောင့် ပရိသတ်အနည်းစုနဲ့လည်း ကျေနပ်တယ်လို့ ဆိုပါတယ်။ We Love လေးတွေနဲ့ သူမရဲ့ ချစ်ခြင်းမေတ္တာတွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

Photo: ရွှေပိုးအိမ်

မင်းသမီးချောလေး ရွှေပိုးအိမ်က သူ့ရဲ့ We Love တွေနဲ့ အတူ အမြဲတမ်း ချစ်ချစ်ခင်ခင်နေတတ်သူ တစ်ယောက်ပါ။ ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေကိုလည်း တန်ဖိုးထားတဲ့ အကြောင်းကိုပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

‘’လူတွေ အထင်ကြီးဖို့အတွက် ဟန်ဆောင်မနေပါဘူးနော်။ ကိုယ့်ပရိသတ်တွေ လက်ဆောင်ပေးသမျှကို မြတ်မြတ်နိုးနိုးနဲ့ Fb ပေါ်တင်ပါတယ်နော်။ ကိုယ့်ဘာသာဝယ်ပြီး Fan တွေပေးပါတယ်လို့ လိမ်ညာပြီး မပြောပါဘူးနော်။ ကျွန်မ fan တွေအားလုံးက ရိုးသားကြိုးစားကြတယ်၊ မလိမ်တတ်ကြဘူး၊ ကိုယ့်ဒူး ကိုယ်ချွန်ပြီး အလုပ်လုပ်နေကြတဲ့သူတွေပါ။ သူတို့ချွေးနည်းစာလေးနဲ့ ပေးတဲ့ပစ္စည်းတိုင်းကို ကျွန်မက Fb ပေါ်မှာတင်လေ့ရှိပါတယ်နော်။ (ဒါတောင်အကုန်မတင်ဘူး မျက်စိနောက်မှာစိုးလို့)’’ လို့ သူကဆိုပါတယ်။

Photo: ရွှေပိုးအိမ်

ရွှေပိုးအိမ်ဟာ သူမကိုယ်တိုင်က အောင်မြင်တဲ့သူ မဟုတ်သေးတဲ့ အကြောင်းကိုလည်း ရင်ဖွင့်ပြောပြလာပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို We Love လေးတွေနဲ့ အလှူအတန်းတွေ အတူတူလုပ်ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီ ၂၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

‘’We love အလှူလုပ်မယ်ဆိုတော့ (၂၂)သိန်းကျော်လှူကြပါတယ်။ မွေးနေ့တုန်းကလည်း ရန်ကုန်ရော မန်းလေးက fan တွေ သိန်း(၂၀)နီးပါးအကုန်ခံပြီး surprise လုပ်ပေးပါတယ်နော်။ Valentine’s Day ဆိုလည်း( ၁၀)သိန်းနီးပါးအကုန်ခံပြီး ကျွန်မ ပျော်အောင်လုပ်ပေးတာပါ။ ကျွန်မ We Love တွေရဲ့ acc ထဲဝင်ပြီး လေ့လာပါနော်။ ကျွန်မက အောင်မြင်တဲ့အနုပညာရှင် မဟုတ်သေးပါဘူး။ ကျွန်မကိုချစ်တဲ့ ပရိသတ်လူနည်းစုလေးနဲ့ပဲ ဘဝကို ကျေနပ်နေရတဲ့သူပါ’’ လို့ ဆက်လက် ရေးသားထားပါသေးတယ်။

Photo: ရွှေပိုးအိမ်

ရွှေပိုးအိမ်နဲ့ သူ့ရဲ့ We Love Shwe Poe Eain ပရိသတ်တွေပူးပေါင်းပြီး အသံမစဲ ပဋ္ဌာန်းတရားပွဲတွေမှာလည်း ရေသန့်ဘူး အလှူလေးတွေ လုပ်ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် မေတ္တာမွန် မိဘမဲ့ ပရဟိတကျောင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ ခိုလှုံရာ ဘိုးဘွားစောင့်ရှောက်ရေး တွေမှာလည်း We Love တွေနဲ့အတူ စုဆောင်းထားတဲ့ အလှူငွေထဲကနေ တတ်နိုင်သလောက်လေးတွေ လှူဒါန်းဖြစ်တယ်လို့ သိရပါတယ်။

Photo: ရွှေပိုးအိမ်

ရွှေပိုးအိမ်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဇာတ်ကားတော်တော်များများမှာ ဒုတိယမင်းသမီးနေရာကနေ အမြဲပါဝင်ခဲ့ရသူတစ်ဦးပါ။ အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။ မီဒီယာကဏ္ဍတစ်ခုရဲ့ Sexy ပုံတွေကြောင့် ဝေဖန်မှုတွေအများကြီး ကြုံခဲ့ရတဲ့သူ့ကို ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။



က္က