သေးသေးလေးတွေ ချစ်စရာကောင်းတယ်။

ခန့်စည်သူက လက်ရှိမှာ ပရိသတ်အချစ်တွေကို အခိုင်အမာရရှိထားတဲ့ သားသားမီးမီးလေးတွေနဲ့ အမှတ်တရ ဓာတ်ပုံလေးကို ထုတ်ပြလိုက်ပါတယ်။

Photo: Khant Si Thu



ခန့်စည်သူက ပရိသတ်တွေ အသည်းစွဲအချစ်တော်လေးတွေနဲ့ အမှတ်တရတွေကို ထုတ်ပြလာပါတယ်။ ဒီအမှတ်တရတွေထဲမှာ ယွန်းဝတီလွင်မိုး၊ စံထိပ်ထားဦး၊ မြတ်သောမောင်၊ ယွန်းနဒီလွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်ရဲ့ သားလေး တို့နဲ့ ငယ်ငယ်တုန်းကဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။

‘’ခေးခေး၊ မြတ်သောမောင်၊ ထိပ်ထိပ်၊ အောင်ဗို၊ ဒီဒီလေးနှင့် ဦးခန့်။ ကဲ.. တစ်ခုခုတော့ပြောကြည့်လိုက်။ (Since date, Non Exp; ) ’’ဆိုပြီးတော့ ဧပြီလ ၂၇ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ ဦးဦးခန့်စည်သူနဲ့ သားသားမီးမီးလေးတွေကတော့ ဓာတ်ပုံထဲမှာ ပို့စ် အပြိုင်ပေးနေကြတာကို တွေ့ရပါတယ်။

Photo: Khant Si Thu

ပရိသတ်အချစ်တော်လေးတွေနဲ့အတူ ခန့်စည်သူကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ ကလေးတွေသာ လူကြီးတွေဖြစ်လာတယ်၊ ကိုခန့်ကတော့ လူပျိုကြီးပဲလားလို့လည်း အများစုက မေးခွန်းထုတ်ခဲ့ကြပါတယ်။ ခန့်စည်သူရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း ၂၀ကျော်၊ ၃၀ ခန့်ရှိပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။

န့်စည်သူဟာ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်သာမက ပရဟိတနဲ့ ပတ်သက်ပြီး လက်မနှေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းထားတဲ့ ‘’မေတ္တာသင်္ဂဟ’’ အဖွဲ့နဲ့လည်း မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ သူဟာ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်လို့ အနုပညာအလုပ်တွေ၊ အလှူအတန်းတွေနဲ့ အချိန်ကုန်နေတတ်တာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က