မကြာခင်မှာ သီချင်းအသစ်လေးတစ်ပုဒ် နားထောင်ရတော့မှာပါ။

ဝိုင်းလေးက အဆိုတော် တစ်ယောက်ဟာ ပရိသတ်ရင်ထဲရောက်မယ့် သီချင်း ဖန်တီးရတာ မလွယ်ကူဘူးလို့ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း မကြာခင်မှာ သီချင်းအသစ်တစ်ပုဒ်ထွက်တော့မယ်လို့ ဆိုပါတယ်။

Photo: Hein Latt

ဝိုင်းလေးဟာ သူမရဲ့ သီချင်းအသစ်တွေကို ပရိသတ်တွေနဲ့ မကြာခဏ မိတ်ဆက်ပေးလေ့ရှိပါတယ်။ တစ်ပုဒ်ဆိုရင် ဆိုသလောက် အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလို သီချင်းကောင်းတစ်ပုဒ် ဖြစ်လာဖို့အတွက် သေသေချာချာ ပြင်ဆင်ရတဲ့ အခက်အခဲတွေကို အခုလို ဖွင့်ဟထားပါတယ်။

‘’Album ချပ် လိုက်မပြောနဲ့ Single Song လေး တစ်ပုဒ်တစ်ပုဒ်ကို ထွက်ဖို့ကို ရေးရ၊ တီးရ mixing အဆင့်ဆင့်ဖြတ်ကျော်ပြီး ကိုယ်တိုင် အခက်ခဲတွေနဲ့ ရိုက်ကူးထားရတဲ့ သီချင်းလေးတစ်ပုဒ်ကို အားပေးနေတဲ့ သူတွေအတွက် အလကား တင်ပေးလိုက်ရတာ ကိုယ်တွေနိုင်ငံက အနုပညာရှင်တွေတော်တော်တောင့်ခံနိုင်ကြတယ်’’ ဆိုတဲ့ အစပျိုးရင်း ပြောပြထားပါတယ်။

Photo: Wine Lay

အဆိုတော်တစ်ယောက်ဟာ ပရိသတ်ရင်ထဲရောက်မယ့် သီချင်းကို ဖန်တီးရတာ မလွယ်ဘူးလို့ ဝိုင်းလေးက ပြောပါတယ်။ ဒီလို အခက်အခဲတွေကြားကမှ ဇူလိုင်လ ၂၇ ရက်နေ့ဆိုရင် သူမရဲ့ သီချင်းအသစ်တစ်ပုဒ်ကို ပရိသတ်တွေ နားထောင်ရဦးမှာပါတဲ့။

‘’စိတ်ရော၊ နှလုံးသားရော အချိန်ရော လူရော အားလုံး ပေးဆပ်ပြီးမှ အဆိုတော် တစ်ယောက်ဖြစ်ဖို့ လွယ်ကူသလား။ ဒါတောင်ကိုယ်တိုင်လေးရေးနိုင်နေလို့ တစ်ခါတလေ အသက်ရှူချောင်ရ၊ ကိုယ်တော့ စိတ်ရော လူရော ပင်ပန်းနေပါပြီ။ ၂၇ ရက်နေ့ ထွက်မယ့် သီချင်းလည်း ရောစုန်မမျှောရင် ကျေနပ်ပါပြီ။ လူအချင်းချင်း Respect ထားတတ်ကြပါစေ’’ ဆိုပြီးတော့ ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၃ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Eclipse

ဝိုင်းလေးဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ‘’ဝိုင်း’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ‘’အဆင်ပြေသွားမှာပါ’’ ၊ ‘’နင့်ကိုငါချစ်တယ်’’ ၊ ‘’လွတ်လပ်ရေး’’ ၊ ‘’ဒဏ်ရာမိုး’’ ၊ ‘’သီတင်းကျွတ် ညလေး တစ်ည’’ ဆိုတဲ့ Single Song လေးတွေလည်း ထွက်ရှိခဲ့ပါတယ်။ နောက်ထပ် အောင်မြင်မှုတွေရရှိခဲ့တဲ့ သူမရဲ့ သီချင်းလေးကတော့ ‘’လက်ခံပြီးသား’’ ဆိုတဲ့ သီချင်းလေးက လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတုန်းပါပဲ။

အဆိုတော် ဝိုင်းလေးက Miss Myanmar World 2014 ရဲ့ အလှမယ်တစ်ဦးလည်း ဖြစ်ပါ တယ်။ ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစား နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင်တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေ သူ လည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေရရှိလာတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က