သူ့အတွက် မျိုးဆက်သစ် တစ်ယောက်ဖြစ်လာမယ့်သူပါပဲ။

ဖေဖေ နိုင်းနိုင်းတစ်ယောက် သားချောလေးကြောင့် ပိုပြီး မျက်နှာပွင့်နေရပါပြီ။ သူ့အတွက် မျိုးဆက်သစ် တစ်ယောက်ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

Photo: Actor 99



နိုင်းနိုင်းက ချစ်စရာကောင်းတဲ့ သားလေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ သူ့ရဲ့ နောက်ထပ် မျိုးစက်သစ် တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

‘’Me and next generation Kings Man ကျွန်တော်၏ page ကို အစဉ်အမြဲ ကြည့်ရှု အားပေးပြီး comment ဝင်ရေးသောပရိတ်သတ်များ၊ Like ပေးသော ပရိတ်သတ်များ၊ မသိမသာ ဝင်ကြည့်သွားသောပရိတ်သတ်များ အားလုံး အားလုံးကို ကျေးဇူး တင်ပါတယ်ခင်ဗျာ။ မီတာခ တွေတက်သလို..ချစ်သောပရိတ်သတ်များလည်း အသက်ရှူလိုက်တိုင်း ငွေဝင်ကြပါစေ။ #Actor99’’ ဆိုပြီးတော့ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Actor 99

နိုင်းနိုင်းဟာ အခုလို စာသားရေးပြီးတဲ့နောက်မှာတော့ သားငယ်လေးနဲ့ သူ့ရဲ့ ဓာတ်ပုံတို့ကို တွဲတင်ခဲ့ပါသေးတယ်။ ပရိသတ်တွေကလည်း သားငယ်လေးကို အများကြီး ချစ်ခင်အားပေးခဲ့ကြပါတယ်။ သားချောလေး ဖြစ်တာကြောင့် နိုင်းနိုင်း တစ်ယောက် ယောက္ခမ အခေါ် ခံနေရပါပြီ။ ၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက်ရှိပါတယ်။

Photo: Actor 99

နိုင်းနိုင်းဟာ မိသားစုတွေနဲ့အတူ အမေရိကန်နိုင်ငံ New York မြို့မှာ နေထိုင်တာဖြစ်ပါတယ်။ အခုဆိုရင်လည်း အနုပညာအလုပ်တွေ ခဏ နားထားတာကြောင့် မိသားစုတွေဆီပြန်ရောက်နေတာပါ။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအပြင်၊ နောက်ထပ် အနုပညာနဲ့ဆက်နွယ်တဲ့ အလုပ်ကိစ္စတွေရှိမှသာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ နိုင်းနိုင်းတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ နိုင်းနိုင်းဟာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ဂျာနယ် နဲ့ သတင်းစာ မျက်နှာဖုံးတွေကနေတဆင့် ပရိသတ်တွေ သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က