အသက် ၅၁ နှစ်ပြည့်ပါပြီတဲ့။

ကော်နီကသူ့ရဲ့ အသက် ၅၁ နှစ်ပြည့် မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်. သူနဲ့ အတူ အနုပညာမောင်နှမတွေကလည်း ကုသိုလ်ပါဝင် လှူဒါန်းခဲ့ပါတယ်.

Photo:ကော်နီ

ကော်နီက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အသက် ၅၁ နှစ်ပြည့် မွေးနေ့ကို အလှူတွေ လုပ်ရင်း ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်. အဲ့ဒီနောက် အနုပညာရှင် မောင်နှမ တချို့ ကလည်း ကော်နီ့ရဲ့ အလှူမှာ တက်နိုင်သလောက် ငွေကြေး ဒါန နဲ့ပါ ဝင်ခဲ့ကြတယ်လို့ သူကဆိုပါတယ်.

'' 21,12,2018,မကော်ရဲ့မွေးနေ့အလှုဒါန. ကျောင်းသိမ်ဆောက်လုပ်ရန်,မ,တည်ငွေဝတ္တု, နှင့်တကွ,စတုဒီသာကျွေးမွေးလှုဒါန်းမှုပြုခဲ့ပါတယ်,ကျောင်းအတွက်လိုအပ်သော,,

လှုဘွယ်ဝတ္တုအစုစုတို့ကိုလည်းလှုဒါန်းခဲ့ပါတယ်ရှင်,နေရာဝေးပေမယ့်ရောက်အောင်လာလို့,ကုသိုလ်အတူပြုကြတဲ့,ချစ်ရတဲ့မောင်နှမမိသားစုများ လူမရောက်နိုင်ပေမယ့်,အဝေးမှအလှုဒါနပြုပေးကြပါသော,ချစ်ရတဲ့မောင်နှမမိသားစုများကို,,ကျးဇူးအကြီးကြီးတင်ပါရစေနော်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်.

Photo:ကော်နီ

ကော်နီဟာ မွေးနေ့ အလှူမှာ ပြုခဲ့တဲ့ ကုသိုလ်အတွက် သူ့ရဲ့ ပရိသတ်တွေကို သာဓု ခေါ်စေခဲ့ပါတယ်. Comment ကနေတဆင့်ပရိသတ်တွေကလည်း သာဓု ၃ ကြိမ် ခေါ်ဆိုခဲ့တာကို တွေ့ရပါတယ်.

''ပြုပြုသမျှဒါန,သီလ,ဘာဝနာ,ကုသိုလ်အစုစုတို့ကို,နတ်လူသာဓုခေါ်နိုင်ပါစေသော်,သာဓုသာဓုသာဓု,'' ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်. အဲ့ဒီနောက် အဆိုတော် ကော်နီရဲ့ မွေးနေ့ အလှူမှာ အနုပညာရှင်များစွာတို့ကလည်း တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်. ကော်နီ နဲ့ အတူတူ ကုသိုလ်အစုစု တို့ကိုလည်း ရေစက်ချ အမျျပေးဝေ ခဲ့ ကြပါသေးတယ်.

Photo:ကော်နီ

ကော်နီဟာ ဆယ်စုနှစ်များစွာ ဂီတလောကထဲမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် မိခင်ရဲ့ ကျန်းမာရေးအတွက်ကိုလည်း ပြုစု စောင့်ရှောက်ပေးနေရတာကြောင့် ဂီတအလုပ်တွေ သိပ်မလုပ်ဖြစ်သေးပါဘူးတဲ့။

Photo:ကော်နီ

အနုပညာအလုပ်တွေ လုပ်နေသလို သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ကုသိုလ်ကောင်းမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။ မိခင်နဲ့အတူတရားစခန်းဝင်ဖြစ်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းလောက် အဆိုတော် မီမီဝင်းဖေတို့နဲ့အတူ အောင်ဆန်း ဆရာတော်ကျောင်းမှာ တရားနာကုသိုလ်ယူ ခဲ့တာလည်း တွေ့ရပါတယ်။

Share

Loading Next Article...
က္က