အခုဆိုရင် ပရိသတ် ၈ သိန်းကျော်ကို ပိုင်ဆိုင်နေပါပြီ။

နေခြည်ဦးက သူမရဲ့ မိသားစုတွေကိုပါ ချစ်ခင်ပေးကြတဲ့ Chillies လေးတွေအကြောင်းပြောလာပါတယ်။ လက်ရှိမှာလည်း ပရိသတ် ၈ သိန်းကျော်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

Photo: Nay Chi Oo Facebook



နေခြည်ဦးကို ချစ်တဲ့ We Love လေးတွေက သူမအပြင် သူမရဲ့ မိသားစုတွေကိုပါ ချစ်ခင်ပေးကြတာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

‘’Chillies တွေကလေ နေခြည့်ကိုတင် ချစ်တာမဟုတ်ဘူး။ အမေရော၊ ညီမလေးရော၊ မိသားစုရော၊ကိုယ် review ပေးတဲ့ brands တွေကိုရော ချစ်တာနော်။Review ပေးလိုက်တိုင်း ပစ္စည်းတွေ အရမ်းရောင်းရတယ် ကြားရင် Chillies တွေဘဲ ပြေးပြေးမြင်မိတယ် တကယ်ပါ။ I love you guys so so so much’’ ဆိုပြီးတော့ ဧပြီလ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Nay Chi Oo Facebook

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်ပေါင်း ၈ သိန်းကျော်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို ၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလိုနေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

Photo: Nay Chi Oo Facebook

နေခြည်ဦးက အခုဆိုရင်တော့ အနုပညာလောကထဲမှာ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။ သူမဟာ ‘’ဧည့်သည်’’ ၊ ‘’အောက်ဖဲမလှန်ကြေး’’၊ ‘’ ကိုယ်ပွား’’၊ ‘’ရန်သူ’’၊ စတဲ့ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။

အဲဒီနောက်မှာတော့ မကြာခင်မှာ သရုပ်ဆောင် အကယ်ဒမီနေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒါဟာ သူမအတွက်တော့ နေတိုးနဲ့အတူ ပထမဆုံး သရုပ်ဆောင်ရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ဇင်ဝိုင် း၊တိုင်ရွန်၊သူရိယ၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ ခင်သဇင်တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က