သူအတွက် အလှူတွေလည်း လုပ်ပေးနေတာပါ။

ရွှေကြာဇာတ်ကားနဲ့ အကယ်ဒမီ ရသွားတဲ့ ဖွေးဖွေးအတွက် ပရိသတ်တွေက ဂုဏ်ပြုတဲ့ အနေနဲ့ အလှူအတန်းတွေ ပြုလုပ်ပေးခဲ့တာပါ။

 

သရုပ်ဆောင် ဖွေးဖွေးက ပရိသတ်တွေရဲ့ စေတနာမေတ္တာတွေကြောင့် ကျေးဇူးတင်မဆုံး ဖြစ်လို့နေပါတယ်။ သူမရဲ့ ပရိသတ်တွေဟာ ရွှေကြာဇာတ်ကားနဲ့ အကယ်ဒမီ ဆုရရှိခဲ့တဲ့ ဖွေးဖွေးအတွက် ဂုဏ်ပြုတဲ့အနေနဲ့ အလှူအတန်းတွေ ပြုလုပ်ပေးခဲ့တာပါ။



ပရိသတ်တွေလုပ်ပေးတဲ့ အလှူအတန်းကို မြင်ပြီး ဖွေးဖွေးတစ်ယောက် ကျေးဇူးတင်မဆုံး ဖြစ်လို့နေပါတယ်။ ဖွေးဖွေးရဲ့ Stories မှာ ပရိသတ်တွေ အလှူလုပ်ထားတဲ့ ပို့စ်လေးကို တင်ရင်း “ကျေးဇူးတင်တာထပ် ပိုပါတယ်ယူတို့ရယ်” ဆိုတဲ့ စာလေးကို ရေးထားပြီး မတ်လ(၂၆) ရက်နေ့က တင်ထားတာတွေ့ရပါတယ်။

Photo : ဖွေးဖွေး

ဖွေးဖွေးရဲ့ ပရိသတ်တွေက မတ်လ(၂၄)ရက်နေ့က သင်္ကန်းကျွန်းစံပြဆေးရုံကြီးမှာ (၃၆၁)ကြိမ်မြောက် အာဟာရဒါန လှူဒါန်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တာပါ။

ထို့အပြင် ရွှေကြာနဲ့ အကယ်ဒမီ ရခဲ့တဲ့ ဖွေးဖွေးကို ဂုဏ်ပြုတဲ့အနေနဲ့ ပရိသတ်တစ်ယောက်က ရွှေကြာပုံ တက်တူးထိုးခဲ့ပါသေးတယ်။ အဲ့ဒီပရိသတ်တွေက ဖွေးဖွေးအကယ်ဒမီ ရခဲ့တဲ့ ပန်းတွေ အားလုံးကို သူ့ရဲ့ လက်မှာ တက်တူးထိုးထားတာပါ။ ဖွေးဖွေးက အဲဒီ ပုံလေးကို သူ့ရဲ့ Stories မှာ ပြန်တင်ခဲ့ပြီး ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

Photo : ဖွေးဖွေး

ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က