မနေ့ညက Press show မှာ ပရိသတ်တွေ ပေးလိုက်တာပါ။

ပရိသတ်တွေအချစ်ကို အပြည့်အဝ ရရှိထားတဲ့ အိန္ဒြာကျော်ဇင်က သူ့ရဲ့ We Love တွေ ပေးတဲ့ ပန်းချီကားလေးကြောင့် ပြေမပြတတ်အောင် ပီတိတွေ ဖြစ်လို့နေပါတယ်။ “ကျွန်မအချစ်ဆုံးယောကျ်ားသုံးယောက်” ဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရပေးခဲ့တာပါ။

Photo : အိန္ဒြာကျော်ဇင်



အိန္ဒြာကျော်ဇင်က We Love တွေပေးတဲ့ ပန်းချီကားလေးကြောင့် ပြောမပြတတ်အောင် ပီတိတွေ ဖြစ်လို့နေပါတယ်။ We Love အိန္ဒြာကျော်ဇင်အဖွဲ့က မတ်လ(၁) ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ “ကျွန်မအချစ်ဆုံးယောကျ်ားသုံးယောက်” ရုပ်ရှင်ဇာတ်ကားအထူးပြသပွဲမှာ အိန္ဒြာကျော်ဇင်အတွက် ပန်းချီကား တစ်ချက် လက်ဆောင်ပေးခဲ့တာပါ။

Photo : အိန္ဒြာကျော်ဇင်

ပန်းချီကားလေးကို မြင်လိုက်ရတဲ့ အချိန်မှာ စိတ်ထဲမှာ ဖော်မပြတတ်တဲ့ ခံစားမှုတွေကို ရသစုံအောင် ခံစားလိုက်ရတယ်လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။

ဒီပန်းချီကားလေးကို မြင်လိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ တစ်ခုခုကိုခံစားလိုက်ရသလို...... ပျော်ရွှင်တာလား၊ ဝမ်းနည်းတာလား.၊ အံ့သြတာလား၊ ကျေနပ်တာလား၊ အားလုံးရောယှက်နေတဲ့ ခံစားချက်လား ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကို အမြဲတမ်းစိတ်လှုပ်ရှားမှုတွေပေးတဲ့ ကျွန်မကိုချစ်ကြတဲ့ကျွန်မကချစ်ရတဲ့ Eainnies တွေ, ချစ်သောပရိသတ်တွေေ ပးတဲ့ အဓိပ္ပာယ်တွေပြည့် ဝနေ တဲ့ ဒီပန်းချီကားလေးကို ကျွန်မအရမ်းတန်ဖိုးထားတယ်ကျေးဇူးအများကြီး အများကြီးတင်ပါတယ်” ဆိုပြီး သူမရဲ့ ပေ့ချ်မှာ မတ်လ(၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်ကို ပေးတဲ့ ပန်းချီကားလေးက “ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်” ဇာတ်ကားထဲက ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင်မှာ ရုံတင်ပြသတော့မယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ “ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်”ကို ဒါရိုက်တာ မောင်မျိုးမင်းက ရိုက်ကူးထားတာ ဖြစ်ပြီး ရန်အောင်၊ ပြေတီဦး၊ မင်းဦး၊ မင်းဘုန်းမြတ်၊ မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်၊ နန်းစန္ဒာလှထွန်း၊ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။


Photo : အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။

အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ မှာ"ရင်ဘက်ထဲကဓား " ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုတွေ ပိုင်ဆိုုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က