သင်္ကြန်ကို ပြန်လာဖို့ စီစဉ်ထားပေမယ့် ပြန်မလာဖြစ်တော့ဘူးတဲ့။

သရုပ်ဆောင် ဥက္ကာမင်းမောင်က ဒီနှစ်သင်္ကြန်မှာ မြန်မာနိုင်ငံကို ပြန်လာဖို့ စဉ်းစားထားပေမယ့်လည်း ပြန်မလာနိုင်တော့တာကြောင့် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ပရိသတ်တွေနဲ့လည်း အရမ်းတွေ့ချင်နေတာတဲ့။

 

Photo : ဥက္ကာမင်းမောင်

ဒီနှစ်သင်္ကြန်မှာ မြန်မာနိုင်ငံကို ပြန်လာဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အခြေအနေ အကြောင်းကြောင်းကြောင့် ပြန်မလာဖြစ်တော့ဘူးလို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။ ချစ်သူကိုလည်း မြန်မာနိုင်ငံရဲ့ မြန်မာ့ရိုးရာ သင်္ကြန်ကို ပြချင်ခဲ့တာလို့ သူက ပြောပါတယ်။

ဒီနှစ်သင်္ကြန်ပြန်လာဖို့ စဉ်းစားထားပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် စိတ်မကောင်းစွာပဲ ပြန်မလာဖြစ်တော့ပါဘူး.. Lance က airline တခုမှာ အလုပ်သစ်လျှောက်ထားတာ အဲ့ဒီသင်္ကြန်ရက်ပဲ တခြားမြို့ကို ခရီးထွက်ပြီး အင်တာဗျူးသွားရမယ်.. သူအရမ်းလိုချင်သော အလုပ်ဆိုတော့လဲ အလုပ်က ပိုအရေးကြီးပါတယ်လေ။ သူ့ကို မြန်မာ့ရိုးရာ သင်္ကြန်ကို ပြချင်တာ.. တယောက်ထဲ ပြန်လာဖို့ကျတော့လဲ အမှန်အတိုင်းပြောရရင် သင်္ကြန်ကိုကြိုက်ပေမယ့် နေမကောင်းဖြစ်မှာတော့ နဲနဲလန့်တယ်.. လွန်ခဲ့သော ၃ နှစ်က ၈ နှစ်ကြာမှ ပထမဆုံးအကြိမ် မြန်မာပြည်သင်္ကြန်ပြန်ကျတာ.. အကျနေ့တစ်ရက် မဏ္ဏပ်ထိုင်တုန်း ရေတွေ ပါးစပ်ထဲ ဝင်ပြီး နောက်နေ့ကျ ဝမ်းပျက်ဝမ်းလျော နေမကောင်းဖြစ်တာ မပျော်လိုက်ရပါဘူး .မျော့ခွေနေတာပဲ..အစာအိမ်ရောဂါရှိတော့ တခုခုဆို အကြီးအကျယ်ဖြစ်ပြီ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ဥက္ကာမင်းမောင်

မြန်မာနိုင်ငံ ပြန်လာရင်လည်း Fans Meeting လုပ်ဖို့ စဉ်းစားထားပေမယ့် အခုလိုမျိုးဖြစ်သွားတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်လို့နေပါတယ်။

“ ပြန်လာရင် Fan meeting လေးလုပ်မလို့ စဉ်းစားထားတာ နောက်မှပေါ့.. ဘဝသမားတွေဆိုတော့လဲ အပျော်ကို ဦးစားမပေးနိုင်သေးပါဘူး..၂ ယောက်လုံး ရုန်းကန်တုန်း.. ကြိုးစားတုန်း.. အားလုံးနဲ့ တွေ့ချင်ပါတယ်.. သူကလဲ ကျွန်တော့် ပရိတ်သတ်တွေကို တွေ့ချင်ပါတယ်တဲ့.. မကြာခင်တနေ့ပေါ့လေ..” ဆိုပြီး သူက ပြောထားပါသေးတယ်။

Photo : ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။



က္က