ဒီနေ့ည ၈ နာရီတဲ့။

ပြေတီဦးက သူ့ကို ချစ်တဲ့ ပရိသတ်တွေနဲ့ ဒီနေ့(ဇွန်လ ၂၂) ရက်နေ့ ညမှာ တွေ့ဆုံမယ်လို့ သိရပါတယ်။ နှစ်ပတ်အလို ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးမှာဖြစ်ပါတယ်။

Photo: Amazing Grace



ပြေတီဦးက ဇွန်လ ၂၂ ရက်နေ့ညမှာ ပရိသတ်တွေနဲ့ တွေ့ရဖို့ ရင်ခုန်နေပြီဖြစ်ပါတယ်။ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း အရမ်းကို ပျော်ရွှင်နေကြပါတယ်။

‘’JUNCTION CITY မှာ နှစ်ပတ်အလို ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဒီနေ့ည ၈:၀၀ ပရိသတ်တွေနဲ့ပျော်ပျော်ပါးပါး တွေ့ဆုံကြမယ်နော်’’ ဆိုပြီးတော့ ဇွန်လ ၂၂ ရက်နေ့ မနက် ၁၀နာရီ ၂၂ မိနစ် က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။ ရန်ကုန်မှာ ရှိတဲ့ ပရိသတ်တွေကလည်း ပြေတီဦးနဲ့ တွေ့ဆုံဖို့ အပျော်ကြီးပျော်နေကြပါတယ်။ နယ်ဝေးမှာရှိတဲ့ ပရိသတ်တွေကတော့ လာချင်ပေမယ့်လည်း အခွင့်အရေးမရှိတဲ့အကြောင်းတွေကို Comment ကနေ ရေးသားခဲ့ပါတယ်။

Photo: ပြေတီဦး

နှစ်ပတ်အလို ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသလျှက်ရှိပါပြီ။

။” နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ရိုက်ကူးပုံဖော်ထားပြီး ပြေတီဦး၊ ရဲအောင်၊ မင်းဦး၊ကျော်ကျော်ဗို၊ ဝတ်မှုံရွှေရည်၊အေးမြတ်သူ၊ မျိုးသန္တာထွန်းတို့က ပါဝင်ထားကြပါတယ်။

Photo: Amazing Grace

ပြေတီဦး (Pyay Ti Oo) ဟာ ၁၉၇၈ခုနှစ် နိုဝင်ဘာ(၃၀)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သားသမီးသုံးယောက်ထဲမှာ အလတ်တစ်ယောက် ဖြစ်ပါတယ်။ ပြေတီဦးဟာ စက်မှုတက္ကသိုလ်ကျောင်းသားဘဝထဲက သရုပ်ဆောင်ပညာကို ဝါသနာပါခဲ့သူပါ။ ၁၉၉၈ ခုနှစ်လောက်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) က ပြုလုပ်တဲ့ သရုပ်ဆောင်ရွေးချယ်ပွဲ အစီအစဉ်မှာ ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် MRTV က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတိုတွေနဲ့ မြန်မာစာမြန်မာစကား အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

Photo: Amazing Grace

အဲဒီနောက် သူ့ကို ၂၀၀၀ ပြည့်နှစ်များ အလယ်လောက်မှ ဗီဒီယိုဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည် မြင်တွေ့ရကာ ပရိသတ်ရဲ့ နှစ်ခြိုက်လက်ခံမှုကို ရရှိလာခဲ့ပါတယ်။ ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က