ရင်ခုန်နေတယ်တဲ့။

မိုုးအောင်ကတော့ သူ့ရဲ့ပရိသတ်တွေနဲ့ ပြန်တွေ့ရတော့မှာမို့ စိတ်လှုပ်ရှားနေပါတယ်။ ဇူလိုင်(၆) ရက်နေ့မှာ ပြုလုပ်မယ့် “ချာလီဘ” ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို သူ လာမှာဖြစ်ပါတယ်။

Photo : မိုးအောင်ရင်

သရုပ်ဆောင် မိုးအောင်ရင်ကတော့ ထောင်ကနေ ပြန်လွတ်လာပြီးနောက် ပရိသတ်တွေနဲ့ ပထမဆုံး ပြန်လည်တွေ့ဆုံတော့မှာပါ။ ပရိသတ်တွေနဲ့ ပထမဆုံး ပြန်လည်ဆုံတွေ့ရမှာဖြစ်လို့ စိတ်လှုပ်ရှားလို့နေပါတယ်။

“အနုပညာချစ်ပရိသတ် အနုပညာမောင်နှမ စာနယ်ဇင်းညီအကိုမောင်နှမများနဲ့ စိတ်သစ်လူသစ်နဲ့ ပထမဆုံးတွေ့ဆုံရမှာမို့ ရင်ခုန်နေပါတယ်” ဆိုပြီး ဇူလိုင် (၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : မိုးအောင်ရင်

မိုးအောင်ရင်က ဇူလိုင်(၆) ရက်နေ့မှာ ပြုလုပ်မယ့် “ချာလီဘ” ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီပွဲဟာ သူအနေနဲ့ ထောင်ကနေ ထွက်လာပြီး ပထမဆုံးပြန်လည်တက်ရောက်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူပွဲပြန်တက်မယ်ဆိုတော့ အရမ်းဝမ်းသာနေကြပါတယ်။ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း မျှော်လင့်နေကြောင်း မှတ်ချက်တွေ ပေးထားကြတာ တွေ့ရပါတယ်။

Photo : မိုးအောင်ရင်

မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပါတယ်။

Photo : မိုးအောင်ရင်

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။ 

Share

Loading Next Article...
က္က