Lady Boy ရုပ်ရှင်ကားကြီးကို သွားရောက်အားပေးခဲ့ပါတယ်။
Sabal Thwin

ပြေတီဦးက Lady Boy ရုပ်ရှင်ဇာတ်ကားကို သူချစ်ရတဲ့ ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး သွားရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ပြေတီဦးက အခြောက်မဟုတ်ပေမယ့် မိန်းမတစ်ယောက်လို နေထိုင်ရတဲ့ ယောကျ်ားတစ်ယောက်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။





Photo: Pyay Ti Oo

သရုပ်ဆောင် ပြေတီဦးက သူ့ကို အားပေးကြတဲ့ ပရိသတ်တွေနဲ့အတူ “ Lady Boy’’ ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူ သွားကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကား ရုံတင်ပြသတဲ့အချိန်က စပြီး ပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

‘’အမျိုးတေနဲ့ ရုပ်ရှင်အတူတူကြည့်ပြီးသကာလ ရိုက်ကွင်းမှာပေါ့။ ဘယ်အချိန်ပြီးမလဲမခန့်မှန်းနိုင်သေး။ အချစ်ဆုံးတွေကိုသတိရ။ လောလောဆယ်တော့ ၁၁ နာရီထိုးပါပြီ’’ ဆိုပြီးတော့ ဇွန်လ ၇ ရက်နေ့ ည ၁၀ နာရီ ၅၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ရိုက်ကွင်းပေါ်က ဓာတ်ပုံကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားခဲ့ပါတယ်။



Photo: Lady Boy

ပြေတီဦးပါဝင်သရုပ်ဆောင်ထားတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကြီးဟာ ဇွန်လ ၆ ရက်နေ့က စပြီး ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပြေတီဦးနဲ့ ခင်လှိုင်တို့ဟာ လူဆိုးဂိုဏ်းတစ်ခုကို ထွက်ပြေးတိမ်းရှောင်ရမှ မလွှဲသာပဲ အခြောက်မ ပုံစံ၊ ထိုင်းစကားကို နားမလည်လို့ အခက်အခဲတွေ ရှိခဲ့တဲ့ လူနှစ်ယောက်က ထိုင်းနိုင်ငံမှာ နေရတာကို ဟာသလေးတွေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။



Photo: Lady Boy

ဒီဇာတ်ကားကိုတော့ Bo Bo Film Production က ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုပေါက်က ပုံဖော်ရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေကတော့ ပြေတီဦး၊ ကျော်ကျော်ဗို၊ ထူးအောင်၊ ခင်လှိုင်၊ ဂျိုကာ၊ အိချောပို နဲ့ ထိုင်း အနုပညာရှင်တွေကလည်း အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားကို ထိုင်းနိုင်ငံမှာ တစ်လ နီးပါးအကြာ သွားရောက်ရိုက်ကူးထားကြတာပါ။


Photo: Lady Boy

ပြေတီဦးကို ၂၀၀၀ ပြည့်နှစ်များ အလယ်လောက်မှ ဗီဒီယိုဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည် မြင်တွေ့ရကာ ပရိသတ်ရဲ့ နှစ်ခြိုက်လက်ခံမှုကို ရရှိလာခဲ့ပါတယ်။ ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က