ဗီဒီယိုဖိုင်လေးလုပ်ပြီး စုစည်းထားတာတွေ့ရပါတယ်။

စိုင်းစိုင်း နဲ့ ပရိသတ်တွေရဲ့ သံယောဇဉ်တွေ၊ အမှတ်တရတွေကို ဗီဒီယိုဖိုင်လေးလုပ်ရင်း စိုင်းစိုင်းခမ်းလှိုင်က ရင်ဖွင့်ပြောပြလာပါတယ်။ စိုင်းစိုင်းဟာ အသက် ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ လုပ်ခဲ့တာပါ။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ပရိသတ်တွေနဲ့ အမှတ်တရများစွာ ရှိခဲ့တဲ့ ဓာတ်ပုံလေးတွေကို ဗီဒီယိုဖိုင်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီ အမှတ်တရတွေကြောင့်ပဲ Fan တွေကို Sentimental Relationship လို့ခေါ်တယ်လို့ ဆိုပါတယ်။

‘’ကျွန်တော်နဲ့ သံယောဇဉ်များ။ ဒီ ဓာတ်ပုံတွေဟာ အမှတ်တရဆိုတာထက်ပိုပါတယ်။ ကျွန်တော် နဲ့ ကျွန်တော့်ပရိသတ်တွေရဲ့ ဆက်နွယ်မှုဟာ သံယောဇဉ်နဲ့ ချိတ်ဆက်ထားတာဖြစ်လို့ Sentimental Relationship လို့ ခေါ်တာဖြစ်ပါတယ်’’ ဆိုပြီးတော့ ဧပြီလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်က အနုပညာလောကထဲကို အသက် ၁၈ နှစ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပြီး အသက် ၄၀ အရွယ်ရောက်တဲ့အချိန်အထိ သူ့ရဲ့ အောင်မြင်မှုတွေက ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလမ်းကြောင်းအပေါ် လျှောက်ခဲ့ရတဲ့အတွေ့အကြုံတွေကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ကျွန်တော့်ဘဝ စနေတာတော့ တော်တော်ကြာပါပြီ။ ကျွန်တော် ၁၈ နှစ်သားကတည်းက အနုပညာလောကမှာ ရပ်တည်ခဲ့တာဖြစ်တယ်။ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်အောင်၊ ကိုယ့်မိသားစုအပေါ် တာဝန်ယူနိုင်အောင် ကြိုးစားခဲ့ရတာလည်းဖြစ်ပါတယ်။ ၁၈ နှစ်သားကတည်းကနေ ဒီနေ့ အချိန်ထိ စိတ်ချမ်းမြေ့ခဲ့ရတဲ့ ရက်တွေလည်းရှိတယ်။ ဒါတွေကို ငယ်ငယ်လေးကတည်းက ဖြတ်သန်းခဲ့ရတာဖြစ်တဲ့အတွက် ကျွန်တော့် ဘဝက စတာ တော်တော်ကြာနေပြီ’’ လို့ မတ်လ ၁၈ ရက်နေ့က Birthday Show စာနယ်ဇင်းပွဲမှာ ပြောပြထားတာပါ။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် ၄၀ ပြည့် Birthday Show ပွဲကြီးကိုတော့ ဧပြီလ ၁၀ ရက်နေ့ သုဝဏ္ဏဘူမိEvent Park မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ သူ့ရဲ့ Birthday Show လက်မှတ်များကို မတ်လ(၃၀) ရက်နေ့စတင်ပြီး မြန်မာပလာဇာမှာ ပြုလုပ်ခဲ့တဲ့ AYA X ပွဲကနေ စတင်ဝယ်ယူလို့ ရနေပါပြီ။ ဒီပွဲမှာ ဝယ်ယူဖို့ အဆင်မပြေနိုင်ကြတဲ့ ပရိသတ်တွေအနေနဲ့ OMG နဲ့ Genius ၊ မန်းသီရိတို့မှာ ဝယ်ယူလို့ရတယ်လို့ သိရပါတယ်။ လက်မှတ်တစ်စောင်ကို တစ်သောင်းနှစ်ထောင်ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး VIP လက်မှတ်ကိုတော့ သုံးသောင်းကျပ် သတ်မှတ်ထားတယ်လို့ စိုင်းစိုင်းက ဆိုပါတယ်။

Photo: Sai Sai

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။



က္က