ဝတ်ချင်သူတွေ ဆက်သွယ်ပါတဲ့။

ပိုပိုဟာ သီလရှင်ဝတ်ချင်ကြတဲ့ မိန်းကလေးပရိသတ်တွေ ကို သူ့ရဲ့ အနုပညာကြေးထဲကနေ ကုသိုလ်အလှူပြုသွားမယ်လို့ ဆိုပါတယ်။ ဒီအလှူကိုတော့ မေလ အတွင်းမှာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

Photo: Po Po

အဆိုတော်မလေး ပိုပိုက ရလာတဲ့ အနုပညာကြေးထဲကနေ သီလရှင်ဝတ်ချင်ကြတဲ့ မိန်းကလေးပရိသတ်တွေကို ဒါယကာမအဖြစ် ကုသိုလ်ယူမယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်လည်း မယ်သီလရှင်ဝတ်သွားမှာပါတဲ့။

‘’ဒီရက်ပိုင်း သီချင်းဆိုလို့ ရတဲ့ ပိုက်ဆံမဟုတ်ပဲ တေးရေး အနေနဲ့ တခြား fb ကြော်ငြာ လေးတွေ ဆီက ရတဲ့ ပိုက်ဆံကို မသုံးပဲ မယ်သီလရှင် ဝတ်ရင် လှူပါမယ်။ နောက်ပြီး ပိုပိုနဲ့ အတူ မယ်သီလရှင် ဝတ်ချင်သူများကိုလည်း ဒါယကာမ ပြုလုပ်ကာ ကုသိုလ်ပြုပါမယ်။ တကယ်ဝတ်ချင်သူများ Chat Box မှာ လာဆက်သွယ်နိုင်ပါတယ်’’ ဆိုပြီးတော့ မတ်လ ၂၇ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၄၀ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Po Po

ပိုပိုဟာ မေလ အတွင်းမှာ သီလရှင်ဝတ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီနောက် မကြာခဏဆိုသလို သူ့ရဲ့ ဂီတအလုပ်ကနေရတဲ့ အနုပညာကြေးနဲ့ အလှူလုပ်ဖြစ်တဲ့အကြောင်း ပြောလာပါသေးတယ်။

‘’၅လပိုင်း ၁၇ သို့မဟုတ် ၁၈ ရက်နေ့ မှာ စစ်ကိုင်းဘက်မှာ ဝတ်မှာပါ။ အနည်းဆုံး ၅ ရက် ဝတ်နိုင်ရင် အကောင်းဆုံးပါပဲ။ သင်္ကြန် ပွဲက ရတဲ့ အနုပညာကြေးထဲက နေ အောင်လံမြို့ သုံးပန်လှ ဘုရားမှာ ဗောဓိ တစ်ထောင် ဘုရား တစ်ဆူကို ၅ သိန်းနှင့် လှူဒါန်းခဲ့ပါသည်။ သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ပါသည်’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါတယ်။

Photo: Po Po

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

Photo: Po Po

အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော် ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။



က္က