သူကိုယ်တိုင်ကလည်း စိတ်ဓာတ်မကျအောင် ကြိုးစားနေတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

စိုးမြတ်နန္ဒာကတော့ Covid ကြောင့် အခက်အခဲတွေ ကြုံနေရတဲ့ ပရိသတ်တွေအားလုံးကို စိတ်ဓာတ်မကျဖို့ အားပေးစကားပြောလာပါတယ်။ 

Photo: Soe Myat Nandar



သရုပ်ဆောင် စိုးမြတ်နန္ဒာကတော့ Covid ကာလ ဒုတိယလှိုင်း မှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အရာလေးတွေကို ပြောပြလာပါတယ်။ သူမ အနေနဲ့ စီးပွားရေးအလုပ်ကိုပါ လုပ်ကိုင်နေရသူ ဖြစ်တာကြောင့် အခုဆိုရင် အိမ်ကို မပြန်တော့ပဲ ရွှေမင်းသမီး ပိုးထည်ဆိုင်မှာပဲ နေဖြစ်တော့တယ်လို့ ဆိုလာပါတယ်။ 

" Covid - 19 second wave ၊ stay home ကာလ အမှတ်တရ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူသားများအားလုံး၊ အထူးသဖြင့် ကိုယ့်မြန်မာနိုင်ငံမှာရှိတဲ့ လူသားများ အားလုံး၊ ကျန်းမာကြပါစေ။ ရောဂါဆိုးကြီးမှကင်းဝေးကြပါစေ။ First Wave တုန်းကတော့ အိမ်ထဲမှာနေခဲ့ရပေမယ့် အခု Second Wave မှာ အလုပ်အတော်များသွားတာမို့ ဆိုင်မှာပဲ နေနေရပါတယ်။ အဖေ၊ အမေ နဲ့ ကလေးတွေရှိတော့ အိမ်နဲ့ဆိုင်နဲ့ နေ့တိုင်းမကူးချင်တာကြောင့် ဆိုင်မှာပဲ နေနေရတာ ၃ပတ်ပြည့်ပါပြီ။ ဆိုင်မှာကလည်း နယ်ကလာတဲ့ စက်ချုပ်ကလေးတွေ တစ်ဝက်လောက်ရှိသေးတာရယ်မို့ သူတို့လည်း ပြန်မရ ။ သူတို့ပဲ ထားခဲ့ရင်လဲ အပြင်ထွက်မှာ၊ စားတာသောက်တာအဆင်မပြေမှာ စိတ်မချတာမို့ပြီးတော့ ဆိုင်မှာ ဒီကလေးတွေ Covid ကြောက်ပြီး ဖင်တုန်နေမှာစိုးတာကြောင့် ကလေးဗိုလ် ဖြစ်သွားရလေသတည်း ပေါ့လေ" ဆိုပြီးတော့ စက်တင်ဘာလ(၂၃) ရက်နေ့ ည(၁၀) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ 

Photo: Soe Myat Nandar

စိုးမြတ်နန္ဒာအနေနဲ့ အခက်အခဲတွေ ကြုံနေရတဲ့ ပရိသတ်တွေတိုင်းကို စိတ်ဓာတ်မကျစေချင်ဘူးလို့ ဆိုလာပါတယ်။ သူမရဲ့ သားဖြစ်သူကတော့ Online ကနေ စာသင်နေရတာ ဖြစ်ပြီး ချစ်သူဖြစ်တဲ့ အဆိုတော် စိုးသူကလည်း ပွဲတစ်ခုကို သွားခဲ့ရတာကြောင့် လက်ရှိ အိပ်ခန်းထဲမှာပဲ Quarantine ဝင်နေတယ်လို့ သူက ပြောပါတယ်။ 

" သားမောင်ကတော့ သူ့အခန်းထဲကနေ ခြေတလှမ်းမထွက်ပဲ online school နဲ့ အဆင်ကိုပြေနေရော။ ဘစိုး ကတော့ ပွဲတစ်ခုသွားထားတာမို့ သူ့ဟာသူ အခန်းထဲ Q ဝင်နေလေရဲ့။ ခုချိန်ခါ FaceTime လေးတွေ ရှိနေလို့ ကျေးဇူးတင်ရပါရဲ့။ ပြောချင်တာကတော့လေ အားလုံးစိတ်ညစ်နေကြတဲ့အချိန်ဆိုတော့ “ စိတ်မညစ်ဖို့ စိတ်ဓာတ်မကျဖို့” ပဲ ပြောပါရစေနော်။ အိမ်ထဲမှာ အတတ်နိုင်ဆုံးနေပါ။ မဖြစ်မနေထွက်ရရင်တော့ mask တပ်ပါ။ လေ့ကျင့်ခန်းလေးလုပ်ပေးပါ။ ဘုရားစာလေးလဲ ရွတ်ပေးပါ။ ဒါဒါကတော့ အဌာနမေတံ ဂါထာလေးရွတ်တယ်။ စောစောအိပ်ပါ။ Facebook က သတင်းတိုင်း မယုံပါနဲ့ ။ ဒီအချိန် ဆိုင်မှာစိတ်ပြေလက်ပျောက် ဈေးလေးရောင်းနေရတာကိုက ကုသိုလ် လို့ပဲမှတ်ပါတယ်လေ။ ပြီးတော့ အေးအေးဆေးဆေး ဘုရားရှိခိုးဖြစ်ပြီး ခုချိန် အဖြစ်ချင်ဆုံး ဆု တစ်ခုကိုပဲ တောင်းမိပါတယ်။ ကိုယ့် နိုင်ငံလေးကနေ ဒီ ရောဂါကပ်ဆိုးကြီး အမြန်ထွက်သွားပါတော့လို့" ဆက်လက် ပြောပြလာပါတယ်။ 

Photo: Soe Myat Nandar

စိုးမြတ်နန္ဒာဟာ သားဖြစ်သူမြတ်သောမောင်ရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေပါတယ်။သူမက အနုပညာလောကမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေနဲ့ TV ကြော်ငြာတွေ အများကြီးကို ရိုက်ကူးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၀၁ ခုနှစ်တုန်းက " အချစ်ကို မွေးဖွားခြင်း" ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်တုန်းကလည်း "ချစ်ခြင်းငယ်ပြိုင်" ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပြန်ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က