စနောက်ခဲ့တာပါတဲ့။

အေးမြတ်သူရဲ့ ပရိသတ်တွေကတော့ ဧပြီလ ၁ ရက်နေ့မှာ အပျိုကြီးမမ အစွံထုတ်သွားပြီလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒါကတော့ ပရိသတ်ကို အပျော်သက်သက် စနောက်လိုက်တာပါလို့ ဆိုပါတယ်။

Photo: Aye Myat Thu



သရုပ်ဆောင် အေးမြတ်သူက ဧပြီလ ၁ ရက်နေ့မှာ ချစ်ရသူ နဲ့ မင်္ဂလာလက်မှတ်ထိုးထားတဲ့ အမှတ်တရ ဓာတ်ပုံလေးတွေနဲ့ ပရိသတ်ကို အံ့သြအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအချိန်လေးကလည်း သူမအတွက် ကြည်နူးစရာကောင်းတဲ့ ခံစားချက်လေးဖြစ်မယ် ဆိုတာကို ရေးဖွဲ့ထားပါသေးတယ်။ သူမရဲ့ ခံစားချက်လေးကို ချစ်စရာကောင်းအောင် ရေးသားထားတဲ့ အပေါ်မှာလည်း ပရိသတ်တွေက တကယ်လားဆိုတာကို သိချင်နေခဲ့ကြတာပါ။

‘’အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ရင်ခုန်ရဆုံး အပျော်ရွှင်ရဆုံး ကြည်နှုးရဆုံးသော ထိုအချိန်လေး သည် အသက်ထပ်မကချစ်တယ်။ အားလုံးကိုအံသြသွားအောင်လို့ မကြေညာပဲလုပ်လိုက်မိတာ ပျော်စေချင်လို့ပါရှင်’’ ဆိုပြီးတော့ အေးမြတ်သူရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဧပြီလ ၁ ရက်နေ့ ညနေ ၄ နာရီကျော်က တင်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း အံ့သြသွားကြရတဲ့ ပရိသတ်တွေက အများကြီးပါ။
























































Photo: Aye Myat Thu

ချစ်သူနဲ့ လက်ထပ်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အေးမြတ်သူကို Duwun Media ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ ယခုလို ပြောပြခဲ့ပါတယ်။

'' April Fool လုပ်တာပါ။ အစ်ကို မင်္ဂလာဆောင်တုန်းက ဓာတ်ပုံလေးပါ။ ပရိသတ်ကိုပျော်အောင် စလိုက်တာပါ'' ဆိုပြီးတော့ Duwun Mediaရဲ့ အမေးကို ပျော်ရွှင်စွာနဲ့ ဖြေဆိုပေးခဲ့ပါတယ်။
























































Photo: Aye Myat Thu

သူမဟာ ချစ်သူရှိတယ်လို့ ကြေညာထားသူဖြစ်ပေမယ့် အေးမြတ်သူရဲ့ ချစ်သူက ဘယ်သူ ဆိုတာကို အခုချိန်ထိ အတိအလင်း ပြောပြလာတာ မတွေ့ရသေးပါဘူး။ အေးမြတ်သူဟာ မကြာသေးခင်ကမှ အကယ်ဒမီပူပူနွေးနွေးရရှိထားတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ‘’နောင်တွင် ဥဒါန်းတည်စေသတည်း’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပု့ိဆုကိုရရှိထားတာပါ။ ဒီဆု ကတော့ သူမအတွက် ပထမဆုံးအကြိမ် ရရှိတဲ့ အကယ်ဒမီဆုပဲဖြစ်ပါတယ်။

Photo: Aye Myat Thu

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချော တစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူမရဲ့ အိမ်ထောင်ရေးကိုလည်း အသက် ၃၅ နှစ်ကျော်မှ သာ စဉ်းစားဖြစ်မယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က