ပရိသတ်တွေကို ချစ်တဲ့ သူ့ရဲ့ စေတနာ

နိုင်းနိုင်းတစ်ယောက် စားလို့ သောက်လို့မကောင်းတဲ့ ပရိသတ်တွေအတွက် စားဝင်အိပ်ပျော်အောင် အကြံကောင်းလေးတစ်ခုပေးခဲ့ပါတယ်။

Photo: Actor 99



သရုပ်ဆောင် နိုင်းနိုင်းက သူချစ်ရတဲ့ ပရိသတ်တွေကို ကျန်းမာရေး ဂရုတစိုက်ရှိကြဖို့ သတိတရပြောလာပါတယ်။ သူကိုယ်တိုင်ကလည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး လေ့ကျင့်ခန်းတွေ အမြဲမပျက်ဆောင်ရွက်နေသူပါ။

‘’အပြင်မှာပြေးတာ ဝိတ်ကျ မကျတော့မသိဘူး။ ဘာပဲစားစား စားလို့တော့ကောင်းတယ်။ သုံးရက်ပြေး တစ်ရက်နား။ ကျွန်တော်မြှောက်ပေးလို့ အပေါင်းအသင်းရောင်းရင်းတွေတောင် ထပြေးကုန်ပြီ။ ဘယ်နေ့ ဘယ်သူတွေ ပိုဝလာမလဲမသိဘူး။ ကျွန်တော့ချစ်ပရိတ်သတ်ကြီးလဲကျန်းမာရေးကိုဂရုစိုက်ပြီး ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ကြပါစေ’’ ဆိုပြီးတော့ သူ့ရဲ့ Actor 99 Facebppk Page ကနေ မတ်လ ၃၀ ရက်နေ့ ည ၈ နာရီကျော်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Actor 99

နိုင်းနိုင်းဟာ မိသားစုတွေနဲ့အတူ အမေရိကန်နိုင်ငံ New York မြို့မှာ နေထိုင်တာဖြစ်ပါတယ်။ အခုဆိုရင်လည်း အနုပညာအလုပ်တွေ ခဏ နားထားတာကြောင့် မိသားစုတွေဆီပြန်ရောက်နေတာပါ။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအပြင်၊ နောက်ထပ် အနုပညာနဲ့ဆက်နွယ်တဲ့ အလုပ်ကိစ္စတွေရှိမှသာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက်ရှိပါတယ်။

Photo: Actor 99

နိုင်းနိုင်းတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ နိုင်းနိုင်းဟာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ဂျာနယ် နဲ့ သတင်းစာ မျက်နှာဖုံးတွေကနေတဆင့် ပရိသတ်တွေ သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က