ပထမဆုံး သီချင်းလေးအတွက် အမှတ်တရပါပဲ။

အေးမြဖြူကတော့ "လွမ်းနေလို့" သီချင်းလေးအတွက် ပရိသတ်တွေလုပ်ပေးတဲ့ အမှတ်တရ လက်ဆောင်တွေကြောင့် ပျော်နေပါတယ်တဲ့။ 

Photo: Aye Mya Phyu



အေးမြဖြူကတော့ " လွမ်းနေလို့" ဆိုတဲ့ သီချင်းအသစ်လေး တစ်ပုဒ်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာ တွေ့ရပါတယ်။ သီချင်းလေး တင်ပြီးတဲ့နောက်မှာ ပရိသတ်တွေလုပ်ပေးတဲ့ Surprise ကြောင့် ပျော်ခဲ့ရပါတယ်တဲ့။ 

" မနေ့(ဇွန်လ ၂၆ ရက်) က "လွမ်းနေလို့" ကို Page မှာ ၁၂ နာရီ တင်ပြီးတာနဲ့ Surprise ချက်ချင်းရောက်ချလာတာI'm always on cloud nine because of my priceless raindrops ? THANK YOU SO MUCH and LOVE YOU ALL ။" ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သူမကို Surprise လုပ်ခဲ့ကြတဲ့ အမှတ်တရ ပစ္စည်းလေးတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုလည်း တင်ခဲ့ပါသေးတယ်။ 

Photo: Aye Mya Phyu

အေးမြဖြူဟာ Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီး ပြီးသွားတဲ့နောက် ပထမဆုံး ထွက်ရှိလာတဲ့ Single Song ဖြစ်ပါတယ်။ " လွမ်းနေလို့" သီချင်းလေးကို ဇွန်လ(၂၆) ရက် က မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ဇွန်လ(၂၈) ရက်နေ့ အထိမှာတော့ အားပေးကြည့်ရှုသူ ပရိသတ်ပေါင်း ၃၉ သိန်း ၃သောင်း ၇ထောင် ရရှိထားပါတယ်။ Like ပေးသူ ပရိသတ် ၃၅၀၀၀ ရှိခဲ့ပြီး Comment ပေးတဲ့ ပရိသတ်တွေ ၂၂၀၀၀ ကျော်ရှိနေပါတယ်။ 

Photo: Aye Mya Phyu

အေးမြဖြူကတော့ ဒါရိုက်တာ ဏကြီးပုံဖော်ရိုက်ကူးတဲ့ "ချစ်စခင်စမှော်ရုံ" ရုပ်ရှင်ကားကြီး ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားမှာတော့ ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကိုနဲ့ ပိုင်ဖြိုးသုတို့ကလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အေးမြဖြူအတွက်တော့ ဒီရုပ်ရှင်ဇာတ်ကားဟာ ၁၀ ကျော်သက်အရွယ်မှာ ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဆိုလည်း မမှားပါဘူး။ 

Photo: Aye Mya Phyu

အေးမြဖြူဟာ ငယ်ငယ်လေးကတည်းက အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ အများကြီးရှိခဲ့ပါတယ်။ သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကားများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ဖူးခဲ့သူပါ။ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် သူ့ကို ချစ်တဲ့ ပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ သူမကေတာ့ Myanmar idol (Season-4) မှာ Vote နံပတ် No.77711 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက သီချင်းတွေလည်း ဆိုခဲ့တဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က