အမျိုးသားနေ့မှာ တွေ့ဆုံသွားမှာပါ။

ဝတ်မှုံရွှေရည်ကတော့ သူမရဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပွဲလေး တစ်ခု လုပ်မယ်လို့ သိရပါတယ်။ ပရိသတ်တွေနဲ့အတူတူအလှူအတန်းတွေလည်း လုပ်ချင်ပါသေးတယ်တဲ့။

Photo: Wutt Mhone Shwe Yi



သရုပ်ဆောင်အကယ်ဒမီဝတ်မှုံရွှေရည်ကတော့ ပရိသတ်တွေနဲ့သီးသန့်တွေ့ဆုံပွဲလေးလုပ်သွားမယ်လို့ ဆိုပါတယ်။ ဒီပွဲကိုတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီကစပြီး Junction Square မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

"ကဲ fan meet fan meet ဆိုသူများ အတွက် Kit ရဲ့ fan meeting လေးလာပါပြီ။ Fan meeting မှာဘာတွေလုပ်ကြမလဲ။ ကစ်ကတော့ ပွဲတွေတက်ရင်းနဲ့ တော့ fan တွေနဲ့တွေ့နေရတာပဲ မစိမ်းဘူးပေါ့နော်။ ဒါပေမယ့် ဒီပွဲလေးမှာကျသေချာလေးအချိန်ပေးပြီး ကိုယ့် fans တွေနဲ့ စကားတွေပြောကြမယ်။ မုန့်တွေစားကြမယ်၊ ဓာတ်ပုံတွေရိုက်ချင်တာ အားလုံးကိုလည်း တစ်စုတစည်းထဲ တွေ့ချင်တာကတော့ အဓိက ရည်ရွယ်ချက်ပါ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

Photo: Wutt Mhone Shwe Yi

ဝတ်မှုံရွှေရည်ရဲ့ Fan Meeting မှာ သူမနဲ့ခင်မင်ရင်းနှီးတဲ့ အဆိုတော် သူငယ်ချင်းတွေလည်း တက်ရောက်လာမယ်လို့ ပြောပါတယ်။ အဲဒီနောက် We Love တွေနဲ့ ပျော်စရာကောင်းတဲ့ ကစားပွဲလေးတွေ လုပ်သွားဦးမယ်တဲ့။

"သူငယ်ချင်းအဆိုတော်တွေ သီချင်းဆိုပြမယ်၊ Ko Maung Maung Aye Ko San Htut ဦးဆောင်ပြီးStage Game လေးတွေဆော့မယ်။ Game booth လေးတွေ ရှိမယ်၊ မုန့်တွေကျွေး မယ်။

luckydraw အစီအစဉ်တွေပါမယ်။photosession ပါမယ်။ကိုယ့်ရဲ့ မိတ်ဖက် brand လေးတွေက photobooth လှလှလေးတွေရှိမယ်။ နောက်တစ်ခုက လှူချင်တယ် ကစ်ဦးဆောင်ပြီ အလှူ လေးတွေလုပ်ချင်တယ်။ အဲဒါကြောင့် အချိန်လေးပေးပြီးလာခဲ့စေချင်ပါတယ်။အားလုံးပျော်ပျော်ပါးပါးလေးနဲ့ kit fan meeting အမှတ်တရလေးကို ဖန်တီးချင်ပါတယ်'' ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။

Photo: Wutt Mhone Shwe Yi

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။သူမဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က