ပါဝင်ချင်တဲ့ အလှူရှင်တွေကိုလည်း ဆက်သွယ်လို့ရမယ့် ဖုန်းနံပတ်လေးပေးခဲ့ပါတယ်။

ပိုပိုဟာ ပရိသတ်တွေနဲ့အတူ ရေကန်တစ်ခုပြုပြင်ကုသိုလ်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။ ဒီရေကန်လေးကိုတော့ သူမအဘွား နေထိုင်ခဲ့တဲ့ ကျေးရွာလေးမှာ ပြုလုပ်ချင်တာပါတဲ့။

Photo: Po Po

အဆိုတော်မလေး ပိုပိုက သူမရဲ့ အဘွားနေထိုင်ခဲ့တဲ့ ကျေးရွာလေးကို ရောက်ရှိခဲ့တာဖြစ်ပြီး စိတ်မကောင်းစရာလေးတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီကျေးရွာလေးမှာရှိတဲ့ ရေကန်လေးကိုလည်း ပြန်လည်ပြုပြင်ချင်တဲ့ ဆန္ဒလေးရှိတယ်လို့သိရပါတယ်။

‘’ပို တို့အဘွားရွာလေးရောက်တော့ တော်တော်ပူပြီး လူပါနွမ်းဖတ် လာရော အရင်ကဆို အေးနေတဲ့ အပင်တွေဘယ်ရောက်လည်း မေးတော့ မီးရတော့မှာမို့ ဓါတ်ကြိုးနဲ့ ညှိမှာစိုးလို့တဲ့ အပင်ကြီးတွေ ခုတ်ပစ်တာတဲ့ ရက်စက်လိုက်တာ နှစ်ပေါင်းများစွာ တည်ရှိတဲ့ အပင်တွေကို တစ်ရက်တည်းနဲ့ အဲဒီ ရွာမှာရှိတဲ့ ရေကန်လေးကို ပြုပြင်ဖို့ ဆုံးဖြတ် လိုက်တယ်’’ လို့ ဧပြီလ ၂၃ ရက်နေ့ ညနေ ၃ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Po Po

ဒါကြောင့် ပိုပို နဲ့ အတူ ကုသိုလ်အလှူပါဝင်ချင်တဲ့ ပရိသတ်တွေကိုလည်း အခုလို ဖိတ်ခေါ်စကားဆိုခဲ့ပြန်ပါသေးတယ်။

‘’ပရိသတ်ကြီးလည်းလှူချင်ရင် 09425136527 ဆုမြတ် နဲ့ 09420244829 မေဂျူးကို ဆက်သွယ်လှူဒါန်းနိုင်တယ်ရှင်။ ပရိသတ်ကြီးလည်း အပင်တွေ ပြန်စိုက်ဖို့ တိုက်တွန်းချင်ပါတယ် ပိုပို့ကို ချစ်ရင် သစ်ပင်တွေ ကို ချစ်ပေးပါ’’ လို့လည်း ဆက်လက်ပြောပြလာပါတယ်။

Photo: Po Po

အဆိုတော်မလေး ပိုပိုက ရလာတဲ့ အနုပညာကြေးထဲကနေ သီလရှင်ဝတ်ချင်ကြတဲ့ မိန်းကလေးပရိသတ်တွေကို ဒါယကာမအဖြစ် ကုသိုလ်ယူမယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်လည်း မယ်သီလရှင်ဝတ်သွားမှာပါတဲ့။ ဒီအလှူကိုတော့ မေလအတွင်းမှာ ပြုလုပ်သွားပါမယ်တဲ့။

‘’ဒီရက်ပိုင်း သီချင်းဆိုလို့ ရတဲ့ ပိုက်ဆံမဟုတ်ပဲ တေးရေး အနေနဲ့ တခြား fb ကြော်ငြာ လေးတွေ ဆီက ရတဲ့ ပိုက်ဆံကို မသုံးပဲ မယ်သီလရှင် ဝတ်ရင် လှူပါမယ်။ နောက်ပြီး ပိုပိုနဲ့ အတူ မယ်သီလရှင် ဝတ်ချင်သူများကိုလည်း ဒါယကာမ ပြုလုပ်ကာ ကုသိုလ်ပြုပါမယ်။ တကယ်ဝတ်ချင်သူများ Chat Box မှာ လာဆက်သွယ်နိုင်ပါတယ်’’ ဆိုပြီးတော့ မတ်လ ၂၇ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၄၀ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Po Po

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

အဆိုတော် ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။



က္က