သူမရဲ့ မွေးနေ့ရောက်ဖို့ (၆) ရက်သာ လိုပါတော့တယ်။

ဝတ်မှုံရွှေရည်က မကြာခင် ကျရောက်တော့မယ့် မွေးနေ့ ရက်လေးကို သူမရဲ့ နာမည်နဲ့တက်တူးထိုးပြီး မွေးနေ့လက်ဆောင် ပေးခဲ့တဲ့ ပရိသတ်ကြောင့် ပီတိဖြစ်လို့နေပါတယ်။

Photo: Nge



ဝတ်မှုံရွှေရည်ကို ချစ်တဲ့ ပရိသတ်တစ်ဦးကတော့ သြဂုတ်လ(၁၀) ရက်နေ့မှာ ကျရောက်မယ့် ဝတ်မှုံရွှေရည်ရဲ့ နာမည်နဲ့ မွေးနေ့ရက်လေးကို တက်တူးထိုးခဲ့တာ တွေ့ရပါတယ်။ တက်တူးပိုင်ရှင် ပရိသတ်က ပို့ပေးခဲ့တဲ့ တက်တူးဓာတ်ပုံလေး ကို ဝတ်မှုံရွှေရည်က သူမရဲ့ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ပြီး ရင်ထဲက ပီတိစကားတွေကို အခုလို ပြောပြထားပါတယ်။ 

"ပရိသတ်ကပေးတဲ့ကစ်အတွက် မွေးနေ့လက်ဆောင်လို့မှတ်ယူပါတယ်။အခုလိုချစ်ပေးတဲ့ အတွက် အရမ်းပျော်ရပါတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်း က ကစ်နာမည် နဲ့ tattoo ထိုးတာ တွေ ကစ် မြင်ခဲ့ရတယ်။ တချို့တွေဆို ဓားတွေနဲ့ မွှန်းတာတွေရော အစုံပဲ ဘာလို့ အဲ့ဒီလိုတောင်လုပ်ကြရတာလဲလို့ ဂရုဏာဒေါသောနဲ့မေးမိတယ် ဆိုတော့ ချစ်လို့တဲ့။ ကစ်ကို ချစ်လို့ တန်ဖိုးထားတယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ပြောမပြတတ်အောင်အရမ်းလည်း ဝမ်းသာဝမ်းနည်းဖြစ်ရပါတယ်" ဆိုပြီးတော့ သြဂုတ်လ ၃ ရက်နေ့ မနက် (၉) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Wutt Mhone Shwe Yi

ဝတ်မှုံရွှေရည်ဟာ သူမကို ချစ်လို့ အသားနာခံပြီး တက်တူးထိုးထားတာ တွေ့ရလို့ စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

" ကိုယ်က အသားနာမှာကြောက်တတ်တဲ့သူဆိုတော့ သူတို့လေးတွေ ဘယ်လောက်တောင်နာနေမလဲလို့ တွေးရင်းခံစားရတယ်၊ ဝမ်းနည်း ရတယ်။ ကစ်ကိုချစ်တယ်ဆိုရင်လေ ကစ် အတွက် အသားနာပြီးချစ်ပေးဖို့မလိုပါဘူး နာကျင်ရမှာစိုးလို့ပါ။ရင်ထဲမှာ ထာဝရရှိပေးနေရင်ကျေနပ်နေပါပြီလို့" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Nge

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က