ဒီဓာတ်ပုံတွေက ကျွန်တော့်ဆီမှာ မရှိပါဘူး။

မင်းသွေးခန့်ကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်သွားခဲ့တဲ့ အချစ်ရေး သတင်းတွေ အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Han Nyein Oo



ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသွေးခန့် ကတော့ ချစ်သူရှိနေပြီဆိုတဲ့အကြောင်းကို ပရိသတ်စိတ်ဝင်စားမှု အများကြီးရထားတဲ့ Facebook Page ကနေ ဓာတ်ပုံနဲ့ တကွ တင်ထားတာ တွေ့ရပါတယ်။ ဒီသတင်းဟာ မင်းသွေးခန့်ကို ချစ်တဲ့ ပရိသတ်တွေကြားမှာ ခဏလေးအတွင်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါကြောင့် မင်းသွေးခန့်က သူ့ရဲ့ လက်ရှိ အချစ်ရေး အကြောင်းကို ပရိသတ်တွေ သိအောင် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော်က ပုံမှန်ဆိုရင် ကောလာဟလ သတင်းတစ်ခုကို ဖြေရှင်းတတ်တဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် ဒီသတင်းက ထပ်ပြန့်နေဦးမယ်ဆိုရင် တစ်ဖက်မိန်းကလေးအတွက် မကောင်းပါဘူး။ အဲဒီပုံတွေကလည်း ကျွန်တော့် ဖုန်းထဲမှာ မရှိပါဘူး။လူတိုင်းမှာ ရည်းစားရှိခဲ့ဖူးပါတယ်။ အင်တာဗျူးတိုင်းမှာလည်း ရည်းစားထားခဲ့ဖူးတာတွေကို ကျွန်တော် ဖြေပါတယ်။ ကျွန်တော် တွဲခဲ့ဖူးတဲ့ ရည်းစားတွေကလည်း ၁ နှစ်နဲ့ ၈ လတို့၊ ၁ နှစ်ခွဲတို့ ရှိခဲ့ဖူးတယ်။ ရည်းစားဦးဆိုရင် အခု အိမ်ထောင်ရပြီး ကလေးရနေပါပြီ။ လူငယ်အရ ချစ်တာ ကြိုက်တာတွေရှိတဲ့ အတွက် ငြင်းစရာမရှိဘူး။ ရည်းစား(၃) ယောက်ထားခဲ့ဖူးပါတယ်” ဆိုပြီးတော့ စက်တင်ဘာလ (၂၀) ရက်နေ့ ည (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ 

Photo: E Photography

လက်ရှိ ပရိသတ်တွေ ကြားမှာ ပြန့်သွားခဲ့တဲ့ ဓာတ်ပုံတွေရဲ့ နောက်ကွယ်က ဖြစ်ကြောင်းအမှန်တွေကိုလည်း မင်းသွေးခန့်က အခုလို ပြောပြလာပါတယ်။ 

" အခုက တစ်ယောက်အကြောင်း တစ်ယောက်သိအောင် စကားပြောကြတာ၊ သူငယ်ချင်းတွေနဲ့ အတူတူ မုန့်ထွက်စားတာမျိုးရှိတယ်။ ဒါပေမယ့် ဓာတ်ပုံတွဲရိုက်တော့လည်း လက်ကောက်ဝတ်ကိုပဲ ကိုင်ထားတာပါ။ တကယ် ရည်းစားတွေလိုမျိုး နမ်းတာ၊ ဖက်တာ၊ အသားယူတာတွေ မရိုးမသားလုပ်တာ တစ်ခုမှ မရှိဘူး။ ပြီးရင် မြို့ပြင်မှာ ထွက်ပြီးတော့ ရိုက်ကူးရေးလုပ်တယ် ဆိုတာကိုလည်း သူတို့ မျက်နှာလေးတွေ အုပ်ပြီး ကျွန်တော်တင်လိုက်တယ်။ လက်ရှိ သူတို့မှာ Boyfriend ရှိတယ်ဆိုရင် မကောင်းဘူးလေ။ နားလည်မှုလွဲသွားတာကတော့ သူ့စိတ်ထဲမှာ ဘာရှိတယ်၊ ကိုယ့်စိတ်ထဲမှာ ဘာရှိတယ် ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အသိဆုံးပါပဲ။ ပရိသတ်တွေ သိထားသလို ပုံစံက ရည်းစားလို့သာ သတ်မှတ်ရမယ်ဆိုရင် စုစုပေါင်း ရည်းစား(၄) ယောက်ရှိတယ်ပေါ့ဗျာ။ ဒါပေမယ့် အဲဒီတုန်းကလည်း က ပြတ်သွားတာ (၃) နှစ်ရှိပါပြီ။ သတင်းအဟောင်းပါ" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: E Photography

မင်းသွေးခန့်ကိုတော့ " Innocence " ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင် တစ်ယောက်အဖြစ် ဆယ်ကျော်သက် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းသွေးခန့်ဟာ TV ကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ဘက်ကိုပါ ခြေလှမ်း စတင်လာပြီလို့ သိရပါတယ်။ " Innocence" BL ဇာတ်လမ်းတွဲ ရိုက်ဖို့လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။ အခုဆိုရင်တော့ မင်းသွေးခန့်ဟာ ပရိသတ်အခိုင်အမာရရှိထားပြီဖြစ်တဲ့ အနုပညာရှင်အသစ်တစ်ယောက်ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က