မွေးနေ့လက်ဆောင်လေးက ကြည်နူးစရာလေး။

ချစ်ရတဲ့ ညီမလေး တစ်ယောက်ပေးတဲ့ မွေးနေ့လက်ဆောင်ကြောင့် သူမမှာ တော်တော်ပျော်ခဲ့ရသလို မျက်ရည်လေးလည်း ဝဲမိပါတယ်တဲ့။ ဒီနေ့က ပိုးအိအိခန့်ရဲ့ မွေးနေ့ပါ။

Photo : ပိုးအိအိခန့်

ဒီနေ့(ဧပြီ၇ရက်)က သရုပ်ဆောင် ပိုးအိအိခန့်ရဲ့ မွေးနေ့ပါ။ သူမရဲ့ မွေးနေ့မှာ ညီမလေးလို ချစ်ရတဲ့ ပရိသတ်တစ်ဦးရဲ့ မွေးနေ့လက်ဆောင်ကြောင့် ပျော်လို့နေပါတယ်။ ပိုးအိအိခန့်အတွက် မွေးနေ့လက်ဆောင်အနေနဲ့ ဒီနေ့မှာ မွေးနေ့အလှူလေး ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ဒါပေမဲ့လည်း ပိုးအိအိခန့်အနေနဲ့ အဝေးရောက်နေတာဖြစ်လို့ မွေးနေ့ပွဲလေးကို မလာနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo : ပိုးအိအိခန့်

“ဒီမွေးနေ့ လက်ဆောင်လေးကို မြင်လိုက်တော့ အရမ်းကျေးဇူးတင်သလို ဝမ်းသာမျက်ရည်လေးလည်း ဝဲမိပါတယ် အမချစ်တဲ့ ညီမလေး။ အမ မွေးနေ့မှာ သမီးဘာပေးရမလဲ မသိဘူးတဲ့ သမီးပေးနိုင်တဲ့ လက်ဆောင်ကလည်း အမမှာရှိတဲ့ပစ္စည်းတွေထက် မကောင်းနိုင်ဘူးတဲ့။ အဲ့ဒါကြောင့် သူ တရားစခန်းဝင်နေတဲ့ကျောင်းလေးမှာ အမ မွေးနေ့ရက်လေးရအောင်ပြောပြီး အမနဲ့ကိုကြီးတို့ နာမည်လေးနဲ့ ရတဲ့မုန့်ဖိုးလေးစုပြီး အချိုပွဲလေး လှူပေးတဲ့ စာလေးအဖြစ် အမကို surprise လုပ်တယ် သေချာတာတစ်ခုက ဒီလက်ဆောင်ထက်ကောင်းတဲ့လက်ဆောင် မရှိပါဘူး ညီမလေးရယ်။ အမ အရမ်းလည်းပျော်သလို အမမှာ ညီမလေးအရင်းလေးတစ်ယောက်ရှိသလိုခံစားရလို့လည်း ကျေးဇူးတင်ပါတယ်။ အမ အဝေးရောက်နေလို့ ညီမလေးလှူပေးတဲ့အလှူလေးမလာပေးနိုင်တာ စိတ်မကောင်းဘူးညီမလေးရယ်” ဆိုပြီး ဧပြီ(၆) ရက်နေ့က ပိုးအိအိခန့်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : ပိုးအိအိခန့်

ဒါပေမဲ့လည်း သူမအတွက် ဒီမွေးနေ့လက်ဆောင်လေးက ဘဝမှာ အမှတ်တရအဖြစ်ဆုံး မွေးနေ့လက်ဆောင်လေး တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ပိုးအိအိခန့်ဟာ လက်ရှိမှာ သူမဝါသနာပါတဲ့အနုပညာအလုပ်တွေ ဆက်လုပ်နေပြီး ခင်ပွန်းအတွက် ဇနီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူလေး ဖြစ်ပါတယ်။

Photo : ပိုးအိအိခန့်

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။

တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေ ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးနေကြပါတယ်။ ပိုးအိအိခန့်ဟာ ပညာရေးနဲ့ ပတ်သက်ပြီး ဥပဒေ(မဟာ)ဘွဲ့ ရရှိထားသူဖြစ်ပါတယ်။

Photo : ပိုးအိအိခန့်

ပိုးအိအိခန့်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ သူမဟာ မကြာသေးခင်က ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ရိုက်ကူးတဲ့ ‘’တုနှိုင်းမဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုလည်း သရုပ်ဆောင် နေဒွေး၊ အိစိကွေး၊ စိုးမိုးကြည်၊ ခိုင်နှင်းဝေတို့အပြင် နောက်ထပ် သရုပ်ဆောင်များစွာနဲ့အတူ ပါဝင်ရိုက်ကူးခဲ့ပါသေးတယ်။



က္က