သူမှတ်မိနေတဲ့ သူ့ရဲ့ ပရိသတ်တဲ့။

G Fatt ကတော့ သူ့ရဲ့ ပရိသတ်တွေနဲ့ တွေ့ရင် ဘာပကာသနမှ မထားတတ်သူပါ။ အခုလည်း ဘုရားပေါ်မှာ သူ့ရဲ့ ပရိသတ်တစ်ဦးကို သူကိုယ်တိုင် အရင်သွားနှုတ်ဆက်ခဲ့တာတဲ့။

Photo : G Fatt

လူငယ်ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ G Fatt ကတော့ ပရိသတ်တွေကို အရမ်းအလေးထားတတ်သူ တစ်ဦးပါ။ ဘုရားပေါ်မှာ သူ့ရဲ့ ပရိသတ်တစ်ဦးနဲ့ဆုံခဲ့လို့ သူကိုယ်တိုင် သွားနှုတ်ဆက်ခဲ့တဲ့ အကြောင်းလေးကိုလည်း ပြောပြထားတာတွေ့ရပါတယ်။ သူနဲ့ ပရိသတ်တွေကြားမှာရှိတဲ့ ရေစက်ဟာ အရမ်းကို ထူးဆန်းလွန်းတယ်လို့ ဆိုပါတယ်။

“မနေ့က ဘုရားကနေ ပြန်အဆင်းမှာ ကျွန်တော် မှတ်မိနေတဲ့ ကျွန်တော့် ပရိတ်သတ်တစ်ယောက်ကို ဖြတ်ခနဲတွေ့လိုက်တယ် (သူကတော့ ကျွန်တော့်ကို မတွေ့ဘူး ဟိုကြည့်ဒီကြည့်နဲ့ ထိုင်နေတာ) ကျွန်တော် သူ့ကို ကျော်သွားပြီးမှ သွားပြန်နှုတ်ဆက်ဦးမယ်ဆိုပြီး သူ့ဆီပြန်လှည့်လာကာ *ဟှောင့် မင်းကိုကြီးကို သိလား ဒီမှာ ဘာထိုင်လုပ်နေတာလဲ* ဆိုတော့ *ဟာကိုကြီး ကျွန်တော် ဓာတ်ပုံရိုက်မယ်ဗျာ အစ်မ ဘုရားရှိခိုးတာ လာစောင့်နေတာ*တဲ့ သူပျော်သွားပုံပဲ .. ကျွန်တော်လဲသူပျော်နေတာကြည့်ပြီး ကြည်နူးရတယ် ... တစ်ခါ တစ်လေ ကျွန်တော် နဲ့ ကျွန်တော့် ပရိတ်သတ်တွေကြားက ရေစက်တွေ ဟာ သိပ်ထူးဆန်းလွန်းတယ်” ဆိုပြီး ဇူလိုင်(၆) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : Alinn Yaung

G-Fatt ဟာ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို အမြဲတမ်း Surprise လုပ်တတ်သူတစ်ယောက်ပါ။ သူကိုယ်တိုင်ကလည်း ပရိသတ်တွေအပေါ် အလေးအနက်ထား ချစ်ချစ်ခင်ခင်နေထိုင်တာဖြစ်ပြီး မကြာခဏ We Love တွေနဲ့ အတူ အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။ G- Fatt ကတော့ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

Photo : Thein Than OO

G-Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G-Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။

Share

Loading Next Article...
က္က