ဒီလိုတွေကြောင့်ပဲ အနုပညာအလုပ်ဆက်လုပ်နေတာပါ။

အောင်လဟာ သူ့ရဲ့ နာမည် နဲ့ မျက်နှာပုံတူကို တက်တူးထိုးထားတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ပီတိဖြစ်လို့နေပါတယ်။ သူက လက်ရှိမှာ ချစ်သူလေး ဝိုင်းစုခိုင်သိန်း နဲ့ ဂီတအလုပ်တွေ လုပ်ကိုင်နေတာတွေ့ရပါတယ်။

Photo: Aung La

အဆိုတော် အောင်လ က သူ့ကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေကြောင့် ဂီတအလုပ်တွေကို ဆက်လက် လုပ်ကိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

‘’တခါတလေ ဒီက music Trend ကို စဉ်းစားမိတဲ့အခါ ဒီအရာလေးတွေကလည်း ဂီတ ကို ဆက်လက် ရူးသွပ် စေပြန်တယ်’’ ဆိုပြီးတော့ မတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၂၃ မိနစ်က Kyaw Zin ဆိုတဲ့ ပရိသတ်တစ်ဦးထိုးတဲ့ တက်တူးနဲ့ Post ကို Share ရင်း ရေးသားခဲ့တာပါ။

Photo: Aung La

အောင်လရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ ကျော်ဇင်ဟာ အဆိုတော်အောင်လရဲ့ မျက်နှာပုံတူကို လက်မောင်းတစ်ဖက်မှာ တက်တူးထိုးထားပါတယ်။ အဲဒီနောက် Reason ဆိုတဲ့ စာလုံးကိုလည်း ရင်ဘတ်၊ ကျောကုန်းနဲ့ လက်မောင်း နောက်တစ်ဖက်မှာ ရေးထိုးထားတာဖြစ်ပါတယ်။

‘’ ကိုအောင်လရဲ့ပုံတူလေးတစ်ပုံလောက်ထပ်ထိုးအုန်းမယ်။ပုံတွေတောsaveထားတယ်။ ပုံတွေမကြိုက်သေးလို့ကြိုက်တဲ့ပုံလေးတွေရင်ထပ်ထိုးမယ်။ ကိုရဲ့ခန္ဒာကိုယ်မှာကိုကြိုက်တဲ့Band ကိုtattoo ထားတာကျေနပ်တယ်။အမြဲတမ်းလဲအားပေးနေမယ်။#Reason the band’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ၂၅ ရက်နေ့ ည ၁၂ နာရီ က တင်ခဲ့တာဖြစ်ပါတယ်။

Photo: Aung La

အောင်လက လက်ရှိမှာတော့ ချစ်သူလေး ဝိုင်းစုခိုင်သိန်း နဲ့အတူ ဂီတအလုပ်တွေ လုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် ဖျော်ဖြေရေးတွေလည်း သီဆိုနေရသူပါ။ Reason ဆိုတဲ့ အဖွဲ့ နာမည်နဲ့ ရော့ခ် ဂီတနယ်ပယ်မှာ ပရိသတ်အခိုင်အမာ ရရှိနေတဲ့ အနုပညာရှင် ဆိုရင်လည်း မမှားပါဘူး။ ဝိုင်းစုခိုင်သိန်းကတော့ သရုပ်ဆောင်အလုပ် မလုပ်တော့ပဲ ဂီတလောကတစ်ခုတည်းကိုသာ ကြိုးစားလုပ်ကိုင်နေတာ တွေ့ရပါတယ်။



က္က