သီချင်းအသစ်လေးတွေ ထွက်ဖို့ကြိုးစားနေပါတယ်တဲ့။

ဥက္ကာမင်းမောင်က ဂီတကို ဝါသနာပါလွန်းတာကြောင့် နောက်ထပ် သီချင်းအသစ်လေးတွေ ထွက်လာဦးမယ်လို့ ဆိုပါတယ်။ 

Photo: Oakkar Min Maung



ဥက္ကာမင်းမောင်ကတော့ မြန်မာနိုင်ငံ ပြန်လာရင် သီချင်းအသစ်လေးတွေ ထွက်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ဆိုပါတယ်။ ပထမဆုံး တစ်ကိုယ်တော်အခွေ ထွက်ခဲ့စဉ်က ငွေကျပ် သိန်း နှစ်ရာလောက် အကုန်ကျခံ ရိုက်ကူးခဲ့ရတဲ့အကြောင်း ပြောပြလာပါတယ်။ 

" သီချင်း အသစ်တစ်ပုဒ်တော့ ရေးပြီးပြီ။ အတီး ကိုအပ်ထားတယ်။ စာသား နဲနဲ ကြမ်းမယ် EDM ပုံစံလေး။ ရန်ကုန်ပြန်လာတဲ့အခါ သွင်းမယ်။ ကိုယ့်အရင် 18 အခွေလည်း Music Video တစ်ပုဒ်မှ မရိုက်လိုက်ရဘူး။ သီချင်းတွေတီးတာ ၁၈ ပုဒ်လောက်ရှိတယ်။ အခွေထဲထည့်တာ ၁၂ ပုဒ် ။ ပိုက်ဆံတွေ သိန်း နှစ်ရာနီးပါးလောက် ရင်းပြီး Music video အတွက်ထပ်မရင်းနိုင်တော့လို့ Music video ရိုက်ဖို့သူငယ်ချင်းအဆိုတော်တွေမေးကြည့်တော့ တစ်ပုဒ်ကို ရိုက်ကူးကုန်ကျစရိတ် အောက်ထစ် သိန်း ၂၀ လောက်ကျတယ်တဲ့။ အလင်းရောင်က သူ့သီချင်းတစ်ပုဒ် ပြင်ဦးလွင်တက်ရိုက်ထားတာ သိန်း ၆၀ လောက်ကုန်တယ်ဆိုတော့ ကိုယ့်မှာလည်း အမလေး တပြီး လက်လျော့လိုက်တယ်" လို့ သူကဆိုပါတယ်။ 

Photo: Aung

ဥက္ကာမင်းမောင် ရဲ့ (18) တစ်ကိုယ်တော် အခွေကလည်း အောင်မြင်မှု အများကြီး မရခဲ့ဘူးလို့ သိရပါတယ်။ ပထမအခွေထုတ်ခဲ့တုန်းက အမှတ်တရ တွေကိုလည်း သူက အခုလို ရေးသားထားပါသေးတယ်။ 

" ငယ်ငယ်က ကာရာအိုကေတွေမှာ သရုပ်ဆောင်ခဲ့သလို စုံတွဲတွေ ဟိုပြေးဒီပြေး ရိုးရိုးကြီးတွေလဲ မရိုက်ချင်ဘူး။ ကိုယ်လုပ်ချင်တဲ့ အိုင်ဒီယာအဆန်းတွေ production ပိုင်းတွေကလဲ ပိုက်ဆံကုန်ပေါက်တွေချည်းပဲ။ စိတ်လျော့လိုက်ပါတယ်.. ခေတ်ကလဲ Online ပဲ တင်ရတဲ့ခေတ်ဆိုတော့ Music video အတွက် သုံးတဲ့ပိုက်ဆံကပြန်မှမရတာလေ။ နာမည်ကြီး အဆိုတော် မဟုတ်တော့ ရှာရပိုခက်တယ်။ ကံကောင်းလို့ အခွေထုတ်ပြီး နယ်ပွဲတချို့ လာငှားတော့ လိုက်ဆိုပြီး အခွေအတွက် သုံးခဲ့တာ ပြန်ရှာခဲ့တာ ၃ ပုံတစ်ပုံလောက်တော့ပြန်ရခဲ့တယ်။ ကိုယ်က မြန်မာပြည်မှာ အမြဲနေတဲ့သူမဟုတ်တော့လဲ ပွဲတွေလိုက်ဆိုဖို့အဆင်မပြေပါဘူး။ ဘယ်နယ်မှလဲ ပရိုမိုးရှင်းမဆင်းနိုင်ခဲ့ဘူး.. နယ်တွေမှာ လက်မှတ်ထိုးဖို့ကလဲ မင်းသားမင်းသမီး အဆိုတော် သူငယ်ချင်းတွေကို စရိတ်စက တာဝန်ယူပြီး ခေါ်သွားရတာလေ.. အခွေရောင်းရတာထက် ပွဲလုပ်တဲ့စရိတ်တွေ အသုံးစရိတ်တွေကပိုများတော့ မတတ်နိုင်ခဲ့ဘူး"လို့ သူက ဆိုပါတယ်။ 

Photo: Bo Bo

ဂီတကို ရူးသွပ်သူ ဖြစ်တာကြောင့် သီချင်းတွေကို အွန်လိုင်းကနေ တင်ပေးသွားဖို့ ကြိုးစားမယ်လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။ 

" အခု အချိန်တွေကြာသွားတော့လဲ ကိုယ့်စိတ်က အဟောင်းကိုစိတ်မဝင်စားတော့ဘူး.. အသစ်ပဲထပ်လုပ်ချင်တော့တယ်.. ဒီတခါတော့ Music video လေးပါရအောင်ရိုက်မယ်.. ခေတ်ကာလကလဲ တစ်ပုဒ်ချင်းစီ online တင်တဲ့ခေတ်ရောက်သွားတော့ ကောင်းပါတယ်.. တစ်ခွေလုံးစာ လုပ်စရာမလိုတော့ဘူး.. ဪ.. ဝါသနာ ဝါသနာ.. ဒီသီချင်းလေးကတော့ မြူးမြူး ကြမ်းကြမ်း ညစ်တီးညစ်ပတ် လေးပေါ့.. ဟက်ဟက်" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Oakkar Min Maung

ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က