အိပ်မက်ထဲက ရထားကြီး ဆိုတဲ့ သီချင်းဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ သူမကိုယ်တိုင် အရမ်းကြိုက်ခဲ့ရတဲ့ "အိပ်မက်ထဲက ရထားကြီး" ဆိုတဲ့ သီချင်းကို ပရိသတ်တွေအတွက် ဆိုပြခဲ့တာ တွေ့ရပါတယ်။ 

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ အဆိုတော် မီမီဝင်းဖေ သီဆိုထားတဲ့ " အိပ်မက်ထဲကရထားကြီး" ဆိုတဲ့ သီချင်းကို သူမကိုယ်တိုင် ဂစ်တာတီးပြီး ပရိသတ်ကို သီဆိုပြခဲ့ပါတယ်။ ဒီသီချင်းဟာ သူမ အရမ်းကြိုက်ခဲ့ရတဲ့ သီချင်း တစ်ပုဒ်ဖြစ်တယ်လို့လည်း ပြောပါတယ်။ 



"ဟိုးအရင်ထဲက မမီမီဝင်းဖေ ဆိုထားတာလေးကို အရမ်းကြိုက်ခဲ့တာ။ အခု အူဝဲရဲ့ ဆို တီးလေး ကိုသည်းခံပြီးကြည့်ပေးကြပါဦးနော်။ အတီးကလည်းမကျွမ်းကျင်၊ အဆိုကလည်း မတတ်၊ သီချင်းလေး ပျက်သွားရင်တော့ တောင်းပန်ပါတယ်နော်" ဆိုပြီးတော့ ဇွန်လ ၆ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သူမကိုယ်တိုင် ဂစ်တာတီးပြီး သီချင်းဆိုထားတဲ့ ဗီဒီယို ဖိုင်လေးကိုလည်း တင်ထားတာ တွေ့ရပါတယ်။ အားပေးကြည့်ရှုတဲ့ ပရိသတ်ပေါင်း (172 K ) ရှိခဲ့ပြီး Comment ပေါင်းများစွာတို့မှာလည်း အားပေးချီးကျူး စကားတွေ ပြောခဲ့ကြတာ တွေ့ရပါတယ်။ 

"အိပ်မက်ထဲက ရထားကြီး" သီချင်းရဲ့ မူရင်းအဆိုတော်ကတော့ ထူးအိမ်သင်ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အဆိုတော် မီမီဝင်းဖေ၊ အဆိုတော် အောင်ရင်၊ အဆိုတော် အယ်ဖြူ တို့က ပြန်လည် သီဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ဟာ ဂီတ နဲ့ ပတ်သက်ပြီးသီချင်းတွေလည်း ဆိုခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဟေမာနေဝင်းနဲ့ အတူ " ပထမဆုံး အသည်းကွဲ"သီချင်းသီဆိုခဲ့ဖူးသလို ရန်အောင် နဲ့လည်း " စနေမှာ ရွာတဲ့မိုး" ဆိုတဲံ သီချင်းတွေ ဆိုခဲ့ဖူးပါတယ်။ 

အိန္ဒြာကျော်ဇင်ကတော့ မကြာသေးခင်တုန်းကလည်း သမီးကြီး ပြေသုဒ္ဒါရဲ့ ပုံတူ ပန်းချီလေးကို ဆွဲထားခဲ့ပြီး Stay Home ကာလမှာ သူမရဲ့ ဝါသနာလေးတွေကို အကောင်အထည်ဖော်ဖြစ်နေတာတွေ့ရပါတယ်။ COVID-19 ကာလဖြစ်တာကြောင့်လည်း စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ပရိသတ်တွေ၊ အနုပညာလောကသားတွေ အတွက် စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ 

အိန္ဒြာကျော်ဇင်ဟာ ခင်ပွန်းဖြစ်သူ ပြေတီဦး တည်ထောင်ထားတဲ့ ပြေတီဦးဖောင်ဒေးရှင်းမှာ တစ်ဖက် တစ်လမ်းကနေ ပရဟိတအလုပ်တွေ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ သူမရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းမှာလည်း အိန္ဒြာကျော်ဇင်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေပါဝင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က