Instagram မှာ ပရိသတ် တစ်သန်းရှိသွားလို့ပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ Instagram မှာ သူမကို အားပေးတဲ့ ပရိသတ် တစ်သန်းပြည့်ခဲ့တာကြောင့် Surprise အစီအစဉ်လေးတစ်ခု လုပ်မယ်လို့ ဆိုပါတယ်။ 

Photo: Jason Ya



သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ဒီနေ့ အချိန်ထိ အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ Instagram မှာ အားပေးတဲ့ ပရိသတ် တစ်သန်းရှိခဲ့တာကြောင့် Surprise အစီအစဉ်လေး လုပ်မယ့်အကြောင်း အခုလို ပြောပြလာပါတယ်။ 

" ကစ်ရဲ့official Instagram followers 1 M ပြည့်သွားတဲ့အထိမ်းအမှတ်အနေနဲ့ kit ရဲ့ fan လေးတွေအတွက် special surprise အစီအစဉ်လေးရှိတဲ့အတွက် follow မလုပ်ရသေးတဲ့သူတွေ Instagram မသုံးသေးတဲ့ သူတွေ မသိလိုက်မဖြစ်ရ‌‌အောင် ဒီကနေ အသိပေးလိုက်တာပါရှင့်။ ကစ်ရဲ့ instagram acc လေးကိုfollow လုပ်ရင်း Surprise လေးက ဘာဖြစ်မလည်း ကြည့်ကြ‌ရအောင်နော်။ Follow လုပ်ပေးတဲ့သူတဦးတယောက်ချင်းစီကိုလည်း ကျေးဇူးအထူးပါလို့" ဆိုပြီးတော့ ဇွန်လ ၁၄ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Jason Ya

ဝတ်မှုန်ရွှေရည်လိုပဲ Instagram မှာ ပရိသတ် တစ်သန်းပြည့်ထားတဲ့ မြန်မာ အနုပညာရှင်တစ်ဦးကတော့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။ 

Photo: Jason Ya

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က