မန္တလေးက ပရိသတ်တွေက အတူတူ လိုက်ဝတ်ကြမယ်လို့ ဆိုပါတယ်။

စမိုင်းလ်က ဝါတွင်းကာလ အတွင်းသီလရှင်ဝတ်မယ့် အစီအစဉ်မှာ မန္တလေးက ပရိသတ်တွေကလည်း သီလရှင် အတူတူလိုက်ဝတ်ကြမှာဖြစ်လို့ ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ 

Photo: Smile



သရုပ်ဆောင် စမိုင်းလ်ကတော့ ဝါတွင်း (၃) လအတွင်းမှာ သီလရှင်ဝတ်မယ်လို့ သိရပါတယ်။ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေထဲမှာမှ မန္တလေး ပရိသတ်တွေကလည်း သူမနဲ့ အတူ သီလရှင်ဝတ်မှာ ဖြစ်လို့ အရမ်း ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ 

“ စမိုင်းလ်အတွက် ဝမ်းသာစရာ သတင်းတစ်ခု ရှိတယ်။ စမိုင်းလ်သီလရှင်ဝတ်မယ် ဆိုတာ ပရိသတ်အားလုံး သိကြတော့ မန္တလေးက Smily တွေကလည်း သီလရှင်လိုက်ဝတ်ကြမယ်လို့ သိရတယ်။ အဲဒီမှာ သီလရှင် (၉) ပါးပေါ့။ စမိုင်းလ် နဲ့ ဆိုရင် (၁၀) ပါးဖြစ်သွားမယ် ဒီ (၉) ပါးကို သင်္ကန်း ပစ္စည်း(၄) ပါး ဒကာခံမယ်။ စမိုင်းလ်က (၁၀) ရက်ဝတ်မှာပါ။ ခင်ပွန်းကလည်း ဘုန်းကြီး လိုက်ဝတ်မယ်။မန္တလေးက ပရိသတ်တွေကတော့ ၅ ရက်ပဲ ဝတ်မယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ နောက်လည်း အများကြီး အတူတူ ထပ်ဝတ်နိုင်အောင် ကြိုးစားပါ့မယ်။ အခုက Covid ကာလလည်းဖြစ်နေတော့ အတူတူ ဝတ်လို့ မရဘူးပေါ့နော်" ဆိုပြီးတော့ ဇူလိုင် ၄ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ Live လွှင့်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

Photo: Smile

မိန်းကလေး တစ်ယောက်အတွက် ဆံပင်ဆိုတာ တန်ဖိုးထားရတဲ့ အရာတစ်ခုဖြစ်တယ်လို့ စမိုင်းလ်က ပြောပါတယ်။ ပရိသတ်တွေနဲ့ အတူတူ သာသနာပြုခွင့်ရပြီလို့ သူက ဆိုပါတယ်။ 

“ မိန်းကလေးဆိုတာ ဘာပဲဖြစ်ဖြစ် ဆံပင်ကို တန်ဖိုးထားကြတယ်လေ။ ကတုံး တုံးဖို့ဆိုတာ မလွယ်ဘူးလေ။ အခုက သူတို့ဟာ စမိုင်းလ်ကို ချစ်လည်း ချစ်တယ်။ ကိုယ်သာသနာပြုတဲ့အချိန်မှာ သူတို့က အားတက်သရောနဲ့ ဆံပင်အဆုံးခံပြီးတော့ ကိုယ်နဲ့ အတူတူ သီလရှင်ဝတ်မယ်ဆိုတာ သိလိုက်ရတော့ အရမ်းလည်း ပျော်တယ်။ အရမ်းလည်း ကျေနပ်တယ်။ ချစ်ရကျိုးလည်း နပ်သလို အရှေ့ကနေပြီးတော့ ဦးဆောင်ပြီး လုပ်ပြရကျိုးလည်း နပ်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Smile

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

က္က