အခုကလည်း ပိုက်ဆံစုနေပြီတဲ့။

ဖွေးဖွေးကတော့ ပိုက်ဆံစုပြီး သူဝါသနာပါတဲ့ အလုပ်တွေ ဆက်လုပ်ဖို့ အတွက် ပြင်ဆင်နေပါတယ်။ ပရိုဂျူဆာတစ်ယောက်အဖြစ်လည်း ရပ်တည်ချင်သေးတယ်လို့ ဆိုပါတယ်။

 

Photo : Amazing Grace



ပရိသတ်တွေရဲ့ အချစ်တော် ဖွေးဖွေးကတော့ ပရိုဂျူဆာတစ်ယောက်ဖြစ်ချင်သေးတာကြောင့် အခုကတည်းက ပိုက်ဆံတွေ စုနေပြီလို့ ဆိုပါတယ်။ ငယ်ငယ်တုန်းကတော့ ရတဲ့ ပိုက်ဆံတွေရဲ့ (၇၀)ရာခိုင်နှုန်းကို သုံးဖြစ်ခဲ့တဲ့ ဖွေးဖွေးက အခုဆိုရင် သေသေချာချာ စုဖြစ်နေတာတဲ့။

“ဖွေး ပိုက်ဆံစုဖြစ်တယ်။ အရင်တုန်းကတော့ ဒီလောက်ရှာမယ် ပြီးရင် အကုန်ပြန်သုံးပစ်လိုက်မယ်ဆိုပြီး ခရီးတွေသွားတယ်။ အရင်က Traveler အရမ်းဖြစ်ချင်တယ်။ ကမ္ဘာပတ်တာတို့ ခရီးတွေသွားတာတို့ ရသမျှပိုက်ဆံတွေထဲက ၇၀ ရာခိုင်နှုန်းလောက်က ပြန်သုံးတာ တစ်နှစ်တစ်ခါ ခရီးတွေ သွားဖြစ်တယ်။ ဒီအရွယ်ရောက်လာတဲ့ အခါကျတော့ ပိုက်ဆံစုချင်တဲ့စိတ် ပိုများတယ်။ ကိုယ်ကိုယ်တိုင်က KBZ မှာ ပိုက်ဆံစုဖြစ်တယ်။ အခုတော့ ပိုက်ဆံ ပိုစုချင်တယ်။ ဖွေးက အနုပညာနဲ့ ပတ်သက်တဲ့အလုပ်တွေပဲ လုပ်ချင်တယ်။ ဖွေးက ပရိုဂျူဆာလည်း တစ်နေ့ကျ ဖြစ်ချင်တယ်။ စုမှ ရမှာပေ့ါ” လို့ သူမက ဇူလိုင်(၁၃) ရက်နေ့က ပြုလုပ်တဲ့ KBZPay ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : Amazing Grace

လက်ရှိမှာ ဖွေးဖွေးပါဝင်ထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အခံရဆုံး ဇာတ်ကားတစ်ကား ဖြစ်လို့နေပါတယ်။ ဖွေးဖွေးကိုယ်တိုင်ကလည်း အဲဒီ ဇာတ်ကားကြီးအတွက် ရင်ခုန်လို့ နေပါတယ်။ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ(၁) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Photo : Amazing Grace

အနုပညာလှုပ်ရှားမှုတွေ ပြန်လည်လုပ်ကိုင်လာပြီဖြစ်တဲ့ ဖွေးဖွေးဟာ မကြာခင်မှာ Golden Hour Production ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကား ပြန်ရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ အဲဒီ ဇာတ်ကားလေးက ပရိသတ်တွေ အတွက် ကလိကလိ ဖြစ်စေမယ့် အချစ်ကားလေး တစ်ကားဖြစ်တယ်လို့ အင်တာဗျူးတွေ မှာ ဖြေဆိုခဲ့ပါသေးတယ်။

“ဖွေးအရိုးကျိုးပြီး နားနေတာ (၄)လကျော်သွားပြီ နောက်နှစ်လဆိုရင် ဖွေးဒါရိုက်တာ အောင်မြတ်နဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ ပြင်ဆင်တော့မှာပါ။ Love Equation ဆိုတဲ့ ဇာတ်ကားလေးပါ။ ပရိသတ်တွေ အရမ်း ကြိုက်မယ့် ဇာတ်ကားလေး ဖြစ်မှာပါ။ ဖွေးကိုယ်တိုင်လည်း အရမ်းကြိုက်တယ်။ ဖွေးပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်ထင်လို့ လက်ခံဖြစ်ခဲ့တာပါ” လို့ ဖွေးဖွေးက ဇွန်လ(၃၀) ရက်နေ့က ပြုလုပ်တဲ့ Hearty& Heart ပွဲမှာ ပြောပြခဲ့တာပါ။

Photo : Amazing Grace

ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကေ နတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ် ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က