သူပါဝင်ထားတဲ့ ဇာတ်ကား အခုထိ ရုံမတင်သေးလို့တဲ့။

သရုပ်ဆောင် မယ်လိုဒီက သူမပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသဖို့အတွက် နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်လို့ေ နပါတယ်။ သူအိမ်ထောင်မကျခင်ကတည်းက ရိုက်ထားတဲ့ ဇာတ်ကားကြီးလို့ သိရပါတယ်။

 

Photo : မယ်လိုဒီ



အိမ်ထောင်မကျခင်ကတည်းက ရိုက်ကူးထားတဲ့ “သူရာဘီလူး” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး မယ်လိုဒီ တစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ယင်း ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပိုက်ဆံရခဲ့ပေမယ့်လည်း အနုပညာအနေနဲ့ ရှုံးတဲ့အတွက် ရင်ထဲမကောင်းဘူးလို့ သူမက ဆိုပါတယ်။

ဗျစ်ရည်ဆိုင်စောင့်တဲ့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီး ထွက်တော့မယ်တဲ့ အော် အိမ်ထောင်မကျခင်ကတည်းက ရိုက်ခဲ့တဲ့ သူရာဘီလူးရုပ်ရှင်ကားကြီးကတော့ သွားပြီထင်ပါတယ်။ ပိုက်ဆံရပေမယ့် အနုပညာရှုးံတယ် ရင်ထဲမကောင်းဘူး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

 

Photo : မယ်လိုဒီ

သူရာဘီလူး ရုပ်ရှင်ဇာတ်ကားကြီးဟာ မြို့ရွှေမန်းသား ရုပ်ရှင်ထုတ်လုပ်ရေးက ပထမဆုံး ရိုက်ကူးထုတ်လုပ်ခဲ့တာဖြစ်ပြီး အရက်နဲ့ ပတ်သက်တဲ့ ပညာပေးဇာတ်ကား တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ယင်းရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားတာ (၅) နှစ်ခန့်ကြာမြင့်နေပြီလို့လည်း ဆိုပါတယ်။ သူရာဘီလူ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မယ်လိုဒီက အမြွှာညီအစ်မ နှစ်ယောက်ပုံစံ သရုပ်ဆောင်ထားပါတယ်။ မယ်လိုဒီက ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လျက်ရှိပြီး မိသားစုကို အချိန်ပေးဖြစ်နေတာလည်း တွေ့ရပါတယ်။

Photo : မယ်လိုဒီ

မယ်လိုဒီ(Melody) ရဲ့ အနုပညာသက်တမ်းက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ မယ်လိုဒီကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။

မယ်လိုဒီဟာ ခင်ပွန်းဖြစ်သူ ကိုသာကောင်းနဲ့  ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင် တော့ သူတို့ရဲ့ တစ်ဦးတည်းသော သားလေး သဒ္ဓိစစ် က အခုဆိုရင် ၄ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က