ကိုကိုဦးရဲ့ သားလေးပါ။

လူကြမ်း သရုပ်ဆောင် ကိုကိုဦးရဲ့ သားလေး သီဟအောင်က အခုဆိုရင် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သားလိမ္မာလေး တစ်ယောက်ဖြစ်တဲ့ သီဟအောင်ဟာ သူပထမဆုံး ရတဲ့ အနုပညာကြေးနဲ့ မိခင်ကို ကန်တော့ခဲ့ပါတယ်တဲ့။

 

Photo : သီဟအောင်

ကိုကိုဦးရဲ့ သားလေး သီဟအောင်ကို ၂၀၁၈ခုနှစ် အကယ်ဒမီပေးပွဲ ရွှေကြိုကနေ ပရိသတ်တွေ သတိထားမိလာကြတာပါ။ ချစ်စရာကောင်းပြီး ရည်မွန်တဲ့ သူ့ရဲ့ ပုံစံလေးကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိလာသူလေးလည်း ဖြစ်ပါတယ်။ အခုလည်း သူ့ရဲ့ ပထမဆုံး ရတဲ့ အနုပညာငွေကြေးနဲ့ မိခင်ကို အရင်ဆုံး ကန်တော့ခဲ့တယ်လို့ ဆိုပါတယ်။

“ပထမဦးဆုံးရတဲ့အနုပညာကြေးနဲ့မေမေ့ကိုအရင်ဆုံးကန်တော့တယ် အတိုင်းမသိရင်ထဲမှာသားနားလည်သလောက်ဘာနှင့်မှမလဲနိုင်အောင်ပျော်ရွှ င်ရပါတယ်။ ဒီထက်မကလည်းဖေဖေနှင့်မေမေကိုအလုပ်အကျွေးပြုရပါစေ” ဆိုပြီး ဧပြီ(၄) ရက်နေ့က သီဟအောင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : သီဟအောင်

သူရဲ့ ရင်ထဲက စာသားလေးနဲ့အတူ မိခင်နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုလည်း တင်ထားပါသေးတယ်။ မိခင်အပေါ် သိတတ်လွန်းတဲ့ သီဟအောင်ကို ပရိသတ်တွေ အချစ်ပိုနေကြပါပြီ။ သားဖြစ်သူရဲ့ အောင်မြင်မှုကို ကြည့်ပြီး ဖခင်ဖြစ်သူ ကိုကိုဦးကလည်း ကြည်နူးပီတိတွေဖြစ်နေပါသေးတယ်။

ကိုကိုဦးဟာ သားဖြစ်သူကို အရင်က ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလေ့ မရှိပါဘူး။

သားလေး သီဟအောင်ကလည်း ပညာရေးဘက်မှာ ဦးစားပေးနေရတာကြောင့် ဖခင်ဖြစ်သူရဲ့ ရုပ်ရှင်ရိုက်ကွင်းတွေလည်း မလိုက်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

‘’ဇာတ်ကားတွေ ရိုက်တုန်းကတော့ ကျွန်တော့ဇနီးနဲပဲသွားဖြစ်တာများတယ်။ တချို့တွေကတော့ ကိုကိုဦးမှာ သားလေးရှိတယ်ဆိုတာသိတယ်။ ဘယ်အရွယ်ရောက်နေပြီလဲဆိုတာတော့ မသိဘူး။ ကျွန်တော်ကလည်း ဒီလောကနဲ့ ၅ နှစ်လောက်ဝေးသွားတော့ ကိုကိုဦး မင်း သားလားဆိုတာမျိုးတွေ ဖြစ်တာပေါ့နော်။ တချို့က အခုမှ သိကြတာ’’ လို့ ဆိုပါတယ်။

သီဟအောင်က လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ စလုပ်နေပြီဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ရိုက်ကူးဖို့ကိုလည်း ကမ်းလှမ်း ခံထားရတယ်လို့ သိရပါတယ်။



က္က