ခံစားချက်တွေ ပြောပြထားပါတယ်။

အလင်းရောင်က ဘဝမှာ ပထမဆုံးအကြိမ် ထီပေါက်ရတဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ သူကတော့ ထီ ၅ သောင်းဆု ပေါက်တာပါ။

Photo: အလင်းရောင်



အလင်းရောင်တစ်ယောက် ထီပေါက်လို့ အရမ်းတွေ ပျော်နေတာကို တွေ့ရပါတယ်။ သူ့အတွက်ကတော့ ဒါဟာ ပထမဆုံးအကြိမ် ထီပေါက်ဖူးတာပါတဲ့။

‘’ထီ ၅၀၀၀၀ ပေါက်တယ်တဲ့။ ကံတွေတော့တက်လာပြီ။ ဘဝမှာ တစ်ခါမှ မပေါက်ဖူးဘူး’’ ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သူ့ကိုချစ်တဲ့ အနုပညာမောင်နှမတွေ၊ ပရိသတ်တွေကလည်း Comment ကနေတဆင့် မုန့်ဝယ်ကျွေးဖို့ စနောက် ခဲ့ကြတာ ကိုတွေ့ရပါတယ်။ ဒါပေမယ့် အလင်းရောင်ကတော့ သူ့ရဲ့ ထီလက်မှတ်နဲ့ ထီပေါက်စဉ်က နံပတ်တို့ကို တွဲပြထားတာ မတွေ့ရပါဘူး။

Photo: အလင်းရောင်

အလင်းရောင်က အခုချိန်မှာ မိန်းကလေးပရိသတ်အများကြီးရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသားချောလေး တစ်ယောက်ပါ။ မကြာသေးခင်ကလည်း ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး မင်းသမီး အိချောပိုနဲ့အတူ ‘’ဒဏ္ဍာရီပင်လယ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ချောင်းသာမှာ သွားရောက်ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း တီဗီကြော်ငြာတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။


Photo: အလင်းရောင်

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က