ဘဝရဲ့ ပထမအကြိမ် ကုသိုလ်လေးပါတဲ့။
Sabal Thwin

အဆိုတော် မိစန္ဒီကတော့ ဆရာလေး မစိဏ္ဏဝတီ ဆိုတဲ့ သီလရှင်ဘွဲ့နာမည်နဲ့ သာသနာ့ဘောင်ထဲ ဝင်ရောက်နေတာ ဖြစ်ပါတယ်။ 

အဆိုတော် မိစန္ဒီ ဟာ သြဂုတ်လ (၁၁) ရက်နေ့က သာသနာ့ဘောင်ထဲ ဝင်ရောက်သွားခဲ့ပါတယ်။ သူမရဲ့ သီလရှင်ဘွဲ့နာမည်ကတော့  ဆရာလေး မစိဏ္ဏဝတီလို့ သိရပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် သီလရှင် ဝတ်တာလို့ မိစန္ဒီက ဆိုပါတယ်။ 

" နှစ်ပေါင်းများစွာ စွဲလမ်းခဲ့ရသော အရာများအား ခေတ္တ ခဏ စွန့်လွှတ်ဖြတ်တောက်၍ ဘဝရဲ့ ပထမဆုံးအကြိမ် ကုသိုလ်ခရီး အမှတ်တရ " ဆိုပြီးတော့ သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားရင်း အမှတ်တရ ဓာတ်ပုံလေးတွေလည်း တင်ခဲ့ပါသေးတယ်။  

Photo: Sue Khit

ဆရာလေး မစိဏ္ဏဝတီ(အဆိုတော် မိစန္ဒီ)ဟာ ဘယ်ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တယ် ဆိုတာကိုတော့ ပရိသတ်ကို ပြောပြထားခြင်းမရှိပါဘူး။ သာသနာ့ဘောင်ထဲ ဝင်ရောက်သွားပြီဆိုတာကိုလည်း သြဂုတ်လ ၁၂ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သီလရှင်ပုံလေးတင်ရင်း ဘွဲ့နာမည်နဲ့တကွ မိတ်ဆက်ပေးခဲ့တာပါ။ မိစန္ဒီအတွက် ပရိသတ်တွေကလည်း Comment ကနေတဆင့် သာဓု(၃) ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။ 

Photo: Sue Khit

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး၊ သတ္တိခဲ စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က