သီလရှင်ဝတ်ထွက်တုန်းက ထိုးခဲ့တာပါတဲ့။

သရုပ်ဆောင် စမိုင်းလ်ဟာ သီလရှင်ထွက်တုန်းက ထိုးခဲ့တဲ့ ထီကနေ ထီပေါက်ခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Amazing Grace



စမိုင်းလ်ကတော့ ပထမဆုံးအကြိမ် ထိုးတဲ့ ထီကနေ ငွေကျပ်(၁) သိန်း ဆွတ်ခူးနိုင်ခဲ့လို့ အရမ်းပျော်နေတာကို တွေ့ရပါတယ်။ ဒါဟာ သီလရှင် ထွက်တဲ့နေ့က အောင်ဇဗ္ဗူတောရကျောင်းမှာ ထိုးခဲ့တဲ့ ထီဖြစ်တယ်လို့ သိရပါတယ်။ 

" သီလရှင်ထွက်တုန်းကထိုးခဲ့တဲ့ ထီက ၁ သိန်း ဆုပေါက်တယိတဲ့ ပျော်လိုက်တာတစ်ခါမှ ထီမပေါက်ဖူးဘူး။ ပထမဆုံးအကြိမ်ပေါက်တာ" ဆိုပြီးတော့ သြဂုတ်လ (၁) ရက်နေ့ ည (၉) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးခဲ့တာ တွေ့ရပါတယ်။ သူမရဲ့ ထီနံပါတ်ကိုတော့ ပရိသတ်တွေကို မပြခဲ့ပါဘူး။ စမိုင်းလ် အတွက် ပရိသတ်တွေကလည်း ထပ်တူ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Amazing Grace

သရုပ်ဆောင် စမိုင်းလ် နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဇူလိုင်လ (၅) ရက်နေ့က စပြီး သစ်တံခါးကျောင်းတိုက်မှာ သာသနာ့ဘောင်ကို စတင်ဝင်ရောက်ခဲ့တာပါ။ အဲဒီနောက် မှော်ဘီမြို့မှာရှိတဲ့ အောင်ဇဗ္ဗူတောရ ကျောင်းမှာ သီတင်းသုံးခဲ့ကြပါသေးတယ်။ သာသနာ့ဘောင်ထဲ ဝင်ရောက်နေစဉ်အတွင်းမှာလည်း စမိုင်းလ် တို့ ဇနီးမောင်နှံဟာ ဘုန်းကြီးကျောင်းရဲ့ သန့်ရှင်းရေး အပိုင်းတွေကိုလည်း ဝင်ရောက် လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဇူလိုင်လ (၁၅) ရက်နေ့မှာတော့ အောင်ဇဗ္ဗူတောရကျောင်းမှာ လူဝတ်လဲ ခဲ့တာဖြစ်ပြီး ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်း၊ သင်္ကန်းနှင့် ဝတ္ထုငွေများလည်း ဆပ်ကပ်လှူဒါန်းခဲ့ပါသေးတယ်။ 

Photo: Smile

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က