မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းကြပါတယ်။
Sabal Thwin

စန္ဒီမြင့်လွင်က ပထမဦးဆုံး ရင်သွေးလေးကို ဇူလိုင်လ ၁၄ ရက်နေ့မှာ အောင်မြင်စွာ မွေးဖွားလိုက်ပြီလိ့ု သိရပါတယ်။ သမီးလေးနာမည်ကိုတော့ ချစ်စနိုးနဲ့ Treasure လို့ နာမည်ပေးထားပါတယ်။

Photo: Thiha Lwin

ဇူလိုင်လ ၁၄ ရက်နေ့ကတော့ အဆိုတော် စန္ဒီမြင့်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်တို့ရဲ့ ဘဝထဲကို မိသားစုဝင်အသစ်လေး ရောက်ရှိလာပါပြီ။ စန္ဒီမြင့်လွင်ဟာ ပန်းလှိုင်ဆေးရုံကြီးမှာ ပထမဆုံး ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပြီလို့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။

‘’12:45:28 Sunday’’ ဆိုပြီးတော့ စန္ဒီမြင့်လွင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ ၆ ပေါင်ပါ။ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၂၈ စက္ကန့်မှာ သမီးဦးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။

မိခင်ရော ကလေးပါ ကျန်းမာရေး ကောင်းကြတယ် ဆိုတာကိုလည်း ဓာတ်ပုံနဲ့တကွ တင်ခဲ့တာပါ။ ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ရဲ့ မိသားစုဝင် အသစ်လေးကိုတော့ ပရိသတ်တွေက Comment ကနေတဆင့် ကြိုဆို နှုတ်ခွန်းဆက် စကားများပြောခဲ့ကြပါတယ်။

Photo: Thiha Lwin

စန္ဒီမြင့်လွင်ဟာ သမီးလေး မမွေးခင်ကတည်းက အလှူအတန်းတွေ များများလုပ်ခဲ့သူ တစ်ဦးပါ။ အဲဒါအပြင် သမီးလေး ကြီးလာရင် နေဖို့ အခန်းတွေ၊ သမီးလေးအတွက် ကလေးအဝတ်အစားတွေ၊ ကစားစရာတွေ နဲ့ အသုံးအဆောင်အားလုံးကို စုဆောင်းထားပြီးသားဖြစ်ပါတယ်။

သူမဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာပဲ ဘာကလေးလေးဖြစ်မယ်လို့ မသိရသေးခင်အချိန်ထိ သမီးလေး အရမ်းလိုချင်ခဲ့တာပါ။ ဒါပေမယ့် အန်ထရာဆောင်း ရိုက်ပြီးချိန်မှာတော့ သမီးလေးလို့ သိလိုက်ရတဲ့အချိန်မှာ မျက်ရည်ကျခဲ့ရတဲ့အထိ ဝမ်းသာနေခဲ့ရသူပါ။ သမီးလေး နာမည်ကိုလည်း ချစ်စနိုးနဲ့ Treasure လို့ နာမည်ပေးထားပါတယ်။.

Photo: Thiha Lwin

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၃ လကျော်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေး အတွက်ကိုလည်း ဇနီးမောင်နှံ နှစ်ယောက် စလုံးက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါတယ်။


က္က