သားယောကျ်ားလေးပါတဲ့။

ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ ဘဝထဲကို မိသားစုဝင်အသစ်လေး ရောက်ရှိလာပြီဖြစ်ပါတယ်။ ပိုးအိအိခန့်ဟာဒီနေ့ မနက်မှာပဲ သားဦးလေးကို အောင်မြင်စွာ မွေးဖွားလိုက်နိုင်ပါပြီ။

Photo: Myanmar Football 12th Players

သရုပ်ဆောင် ပိုးအိအိခန့်ဟာ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောင်မြို့မှာ ပထမဆုံးရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပြီလို့ သိရပါတယ်။

‘’အောင်သူနှင့် ပိုးအိအိခန့်တို့ သားဦးရတနာလေးကို မနေ့က ၁၉ ဂျူလိုင်တွင် အောင်မြင်စွာမွေးဖွားခဲ့ပါပြီ။ Congratulations Aung Thu & Poe Ei, MF12-/-Thanks to Ko Tay Zar (MF12_Thailand) for Photo’’ ဆိုပြီးတော့ Myanmar Football 12th Players facebook Page မှာ ဇူလိုင်လ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီက ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီနောက် အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ မိသားစုပုံလေးကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: Myanmar Football 12th Players

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့ \တစ်ယောက် မခွဲနိုင်တာသိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်လို့ လက်ထပ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးဖြစ်ပါတယ်။

Photo: Myanmar Football 12th Players

Game ကစားရင်းနဲ့ ချစ်သူတွေ ဖြစ်သွားကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဖူးစာကလည်း ဆန်းကြယ်လွန်းပါတယ်။ အောင်သူဟာ မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး မိန်းကလေး ပရိသတ်များရဲ့ အားပေးမှု ရရှိထားသူ ဖြစ်သလို ပိုးအိအိခန့်ဟာလည်း ယောကျ်ားလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့ဟာ သူတို့ နှစ်ဦး အတွက် အိမ်ထောင်သက်တမ်း ၁ နှစ်ပြည့်ပြီးခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က