အရမ်းကြည်နူးမိတယ်တဲ့။

ပရိသတ်တွေရဲ့ အချစ်တော်လေး သဇင်ထူးမြင့်က သူမပထမဆုံး ရတဲ့ အနုပညာကြေးနဲ့ ဖခင်ကို ကန်တော့ခွင့်ရတဲ့အတွက် ကြည်နူးလို့နေပါတယ်။

Photo : သဇင်ထူးမြင့်

သရုပ်ဆောင် ခင်လှိုင်ရဲ သမီးလေး သဇင်ထူးမြင့်က သူပထမဆုံး ရခဲ့တဲ့ အနုပညာကြေးနဲ့ ဖခင်ကို ကန်တော့ခွင့် ရလို့ ပျော်နေပါတယ်။အဖေကြိုက်တဲ့ မျက်မှန်ကို အနုပညာလုပ်အားခနဲ့ ဝယ်ပြီး ကန်တော့ခဲ့တယ်လို့ သူမက ဆိုပါတယ်။

သဲရဲ့ပထမဆုံးရတဲ့အနုပညာလုပ်အားခနဲ့ ဖေ့ဖေ့ကြိုက်တဲ့ မျက်မှန်ဝယ်ပြီးကန်တော့ခဲ့တယ်... အရမ်းကြည်နူးပြီးပျော်မိတယ်...” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၄) ရက်နေ့က ရေးသားထားတာပါ။ခင်လှိုင်ကလည်း သမီးလေး ဝယ်ပေးတဲ့ မျက်မှန်လေး တပ်ပြီး ဝမ်းသာကြည်နူးနေပါတယ်။

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်က လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးကို အကျေနပ်ဆုံးဖြစ်တယ်လု့ိ ဆိုပါတယ်. သူမလေးဟာ အနုပညာရှင် တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်အချစ်တွေကို အများကြီးပိုင်ဆိုင်ထားတဲ့ မိန်းမချောလေး တစ်ယောက်ဖြစ်ပါတယ်။

''ညီမအနေနဲ့တော့ အရမ်းကိုကောင်းတဲ့ မိသားစုလေးပါ။ ဖေဖေတို့ရဲ့ သမီးဖြစ်ရတာလည်း အရမ်းဝမ်းသာပါတယ်။ ညီမတို့ မိသားစုပုံစံ လေး ကတော့ ပေါ့ပေါ့ပါးပါးပါပဲ သိပ်ပြီးတော့ စိတ်ညစ်စရာဆိုတာလည်း မရှိဘူး တကယ်ကို နွေးထွေးပါတယ်။ ပျော်ရွှင်တဲ့ မိသားစုဘဝလေးရ လို့ လည်း အရမ်းကျေနပ်ပါတယ်'' လို့ ဆိုပါတယ်။

 

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲ ရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထား လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါတယ်လို့ သိရပါတယ်။



က္က